ဂျာမနီ၊ပြင်သစ်တို့နှင့် လုံခြုံရေးသဘောတူညီချက်  ဇလန်းစကီး လက်မှတ်ရေးထိုးမည်

0
164

ပါရီ၊ဖေဖော်ဝါရီ ၁၆

ယူကရိန်းသမ္မတဇလန်းစကီးသည် ဂျာမဏီ ဝန်ကြီးချုပ် အိုလက်ရှို့ဖ်နှင့် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်တို့ နှင့် တွေ့ဆုံပြီး လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်အတွက် ပါရီနှင့်ဘာလင်သို့ခရီးသွားနေကြောင်းသိရသည်။

ယူကရိန်းသမ္မတ၏ခရီးစဉ်ကို ယူကရိန်းသို့ရုရှားကျူးကျော်ပြီး နှစ်ဖက်စစ်မက်ဖြစ်ပွားမှု သုံးနှစ်ပြည့်ပြီးသည့်နောက်တွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ကိဗ်တပ်ဖွဲ့ဝင်များသည် ရုရှားဘက်က လတ်တ‌လော တိုက်ခိုက်မှုများနှင့် ပြတ်တောက်လုနီးလက်နက်ခဲယမ်းများကြောင့် ရှေ့တန်းစစ်မျက်နှာစာ၌ အခက်အခဲတွေ့နေရပြီဟုသိရသည်။

ဇလန်းစကီးနှင့် ရှို့ဖ်တို့သည် ယူကရိန်း၏ “ရေရှည်လုံခြုံရေးကတိကဝတ်များနှင့်ပံ့ပိုးကူညီမှုများ” ပါဝင်သည့် နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်အား သောကြာနေ့တွင် လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ဂျာမဏီ အစိုးရကပြောကြားခဲ့သည်။

ပြင်သစ်သမ္မတရုံးကမူ မက်ခရွန်နှင့်ဇလန်းစကီးတို့သည်သောကြာနေ့ညနေတွင် အယ်လစ်ဆီ နန်းတော် ၌လုံခြုံရေးသဘောတူညီချက် ကို လက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်းကိုပါပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here