မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုမှ ကန်ဒေါ် လာ ၈ ဘီလီယံကျော်ရရှိထား

0
145

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း မြန်မာနှင့် အာဆီယံနိုင်ငံများကြား ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းတွင် ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၄ ဘီလီယံကျော်ရရှိထားပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၂ ဘီလီယံကျော်ရှိကာ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တင်ပို့မှုထက် ပိုမို ဆောင်ရွက်ထားကြောင်း စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင် ၊ လာအို၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ယင်းတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အများဆုံးကုန် သွယ်မှုပြုလုပ်ထားသည်။

အဆိုပါ နိုင်ငံများသို့ အဓိက တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်းနှင့် တွင်းထွက်ပစ္စည်းများ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here