မီးလောင်မှုစိပ်​နေ​​သောကချင်ပြည်နယ်

0
128

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် လူနေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြော င်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ 

ဖေဖော်ဝါရီ (၁၆) ရက်၊ ညနေ (၄)နာရီ (၂၅)မိနစ်အချိန်ခန့်က မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်ရှိ လူနေအိမ်မီးလော င်မှုဖြစ်ပွားကြောင်း သတင်းအရ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ မိုးကောင်း အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ငြှိမ်းသတ်ရာ ညနေ (၄)နာရီ (၅၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းများကို မီးသတ်တပ်ဖွဲမှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသ ည်။

ကချင်ပြည်နယ် မြို့နယ်အချို့တွင် ဖေဖော်ဝါရီ (၁၇) ရက်အထိ မီးလောင်မှု ဖြစ်စဉ် (၅) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here