ဖလမ်းမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

0
132

ယနေ့ ဖေဖေါ်ဝါရီ (၁၇) ရက် နံနက် (၁၀) နာရီ (၂၅) မိနစ်ဝန်းကျင်တွင် မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ အနီးကို ဗဟိုပြု၍ ပြင်းအား ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၀) နာရီ၊ (၂၅) မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် (၂၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၃.၀၂) ဒီ ဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၅) ဒီဂရီ၊ အနက် (၉၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ် ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here