(၃) ရက်အတွင်း တရားမဝင် ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၄)သန်းကျော် ဖမ်းဆီးရမိ

0
144

(၃) ရက်အတွင်း တရားမဝင် ကုန်ပစ္စည်းဖမ်းဆီးရမိမှု အမှုတွဲ့ (၁၉)မှုခန့် ရှိပြီး ခန့်မှန်းစုစုပေါင်း တန်ဖိုး ငွေကျပ် (၁၄) သန်းကျော်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမှုတွင် တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ မော်တော် ယာဉ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တရားမဝင် ကုန်ပစ္စည်းများကို ဖေဖော်ဝါရီ (၁၄) ရက်တွင် မန္တလေးတိုင်းဒေသကြီး မြစ်ငယ်တံတားအနီး၌ မော် တော်ယာဉ် (၃)စီးပေါ်မှ လည်းကောင်း၊ မြစ်ငယ် – ထုံးဘို လမ်းခွဲတွင် မော်တော်ယာဉ် (၄)စီးပေါ်မှလည်းကောင်း၊ဖေဖော် ဝါရီ (၁၅) ရက်တွင် တောင်ငူခရိုင်အတွင်းမှ လည်းကောင်း၊ ဖေဖော်ဝါရီ (၁၆)ရက်တွင် ကဝမြို့နယ် ရွှေညောင်ပင် ကျေး ရွာ၌ လိုင်စင်မဲ့ ယာဉ်တစ်စီးပေါ်မှ လည်းကောင်း တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက် ကုန်များ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ဖေဖော်ဝါရီ (၁၄)ရက်၊ (၁၅)ရက်၊ (၁၆)ရက်တို့တွ င် ဖမ်းဆီးရမိမှု အမှုတွဲပေါင်း (၁၉) မှုမှ ဖမ်းဆီးရမိမှု စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၄)သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပ ဒေ နှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆော င်ရွက်လျက်ရှိရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here