ထိုင်းသို့ MOU လုပ်သားပုံမှန်အတိုင်း စေလွှတ်နေဟု အမြဲတမ်းအတွင်းဝန်ပြော

0
139

လက်ရှိတွင် ထိုင်းနိုင်ငံသို့ MOU လုပ်သားများ ပုံမှန်အတိုင်း စေလွှတ်နေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံသို့ နှစ်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU)နှင့် မြန်မာရွေ့ပြောင်း လုပ်သားများ ပို့ဆောင်နေသောလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီလမှ ယာယီ ရပ်ဆိုင်းထားမည်ဆိုသည့် သတင်းမှားသည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ ဖြေကြားထားခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ(၁၀) ရက်မှစပြီး အာဏာတည်စေရမည်ဖြစ်ကြောင်း အမိန့်ကြော် ငြာစာ ထုတ်ပြန်ပြီးနောက်ပိုင်း အဆိုပါ ကောလာဟလသည် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်သမားစေလွှတ်ခြင်းနှင့်ပတ်သက်၍ သီးခြားထုတ်ထားခြင်းမရှိပဲ ပုံမှန်အတိုင်း စေလွှတ်ပေးလျက်ရှိပြီး ဘားအံလမ်းပိုင်းမှ မြဝတီသို့ သွား၍မရသည့် အလုပ်သမားများကို ဖြတ်လမ်းဖြစ်သည့် ထိုးကေ့ကော်လမ်းပိုင်းမှလည်း စေလွှတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် MOU လုပ်သားစေလွှတ်ရာတွင်လည်း နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လေကြောင်းလိုင်းဖြင့်ပါ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here