မန္တလေး – ပြင်ဦးလွင် ကားလမ်းအဆင်းတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွား

0
132

ယနေ့ ညဦးပိုင်းအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီးမြို့နယ်၊ ကျွဲနဖားအုပ်စု၊ ကျောက်ချောကျေးရွာအနီး မန္တလေး – ပြင်ဦးလွင် ကားလ မ်းအဆင်းတွင် ခရီးသည်တင်ယာဥ် (၁)စီး မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ (၁၇) ရက်၊ ည (၆)နာရီ (၃၆)မိနစ်အချိန်ခန့်က မန္တလေး – ပြင်ဦးလွင် ကားလမ်းအဆင်း၊ Asia energy စက်သုံးဆီဆိုင်ရှေ့တွင် ခရီးသည်တင်ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့်မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာ ည (၇)နာရီ (၁၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးနိုင်ရန် စုံစမ်းနေပြီး ထပ်မံသိရှိရပါက နောက်ဆက်တွဲအနေဖြင့် ထပ်မံဖော်ပြပေးသွားပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here