တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်တွင် YBS နှင့် အငှားယာဉ် (၂)စီးတို့ ဆင့်တို-က်ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

0
160

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်တွင် YBS ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် (၂)စီးတို့ တို-က်မိကာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

တာမွေမြို့နယ်၊ တာမွေလေး ခုံးကျော်တံတား၊ လေးထောင့်ကန်လမ်းမပေါ်၊ ပင်ရွှေညောင်လမ်းထိပ်တွင် ဖေဖော်ဝါရီ (၁၇) ရက်၊ ညပိုင်းက ယာဉ် (၃)စီး ဆင့်တို-က်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရလူနာရှိသည်ဟု ဆက်သွယ်လာသဖြင့် Medical လူငယ်များ လူမှုကူညီရေးအသင်း ရုံးချုပ်မှ လူနာတင် ယာဉ်(၁)စီးဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် (၃) စီးဆင့်တို-က်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား (၂)ဦးအား မိုးပရဟိအသင်းမှ လူနာ (၁) ဦး၊ Medical လူငယ်များ (ရုံးချုပ်)မှ လူနာ (၁)ဦးအား မြေပြင်ဆေးကုသမှုများ ပြုပေးလုပ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here