သုဝဏ္ဏပန်းခြံဝင်ပေါက်ရှေ့တွင် ကားနှင့် စက်ဘီးတို့ တို-က်မိကာ စက်ဘီးစီးနင်းလာသူ အမျိုးသား ဒဏ်ရာရ

0
106

သုဝဏ္ဏပန်းခြံ ဝင်ပေါက်ရှေ့တွင် ကားနှင့် စက်ဘီးတို-က်မိမှု ဖြစ်ပွားကာ စက်ဘီးစီးနင်းလာသူ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သွားရောက် ကူညီပေးခဲ့သည့် သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၅) ရပ်ကွက်၊ သံသုမာလမ်း၊ သုဝဏ္ဏပန်းခြံဝင်ပေါက်ရှေ့တွင် ဖေဖော်ဝါရီ (၁၇)ရက်၊ နံနက်ပိုင်းအချိန်က ကားနှင့် စက်ဘီးတို့ တိုက်မိမှုကြောင့် ဒဏ်ရာရလူနာရှိကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီတောင်းခံမှုအရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာအရောက်တွင် ယာဉ်တိုက်မှုကြောင့် ခြေထောက်ကျိုး ထိခိုက်ဒဏ်ရာရရှိထားသူ အမျိုးသား (၁)ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၆)ရက်၊ ည (၈)နာရီခွဲအချိန်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၅) ရပ်ကွက်၊ သံသုမာလမ်းနှင့် ပေါ်ဆန်းမွှေးလမ်းထိပ်တွင် လမ်းဖြတ်ကူးသူ အမျိုးသမီး (၁)ဦးအား ယာဉ် (၁)စီးမှ တို-က်မိမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here