ပြည်တွင်းဘဏ် (၃)ခုနှင့် ပူးပေါင်း၍ MAEX မှ တညင်းကုန်း ဈေးသူ/သား များကိုသိန်းနှစ်သောင်းကျော် ထုတ်ချေးပေးထား

0
151

ပြည်တွင်းဘဏ် (၃)ခုနှင့် ပူးပေါင်း၍ Myanmar Agro Exchange Public Co, Ltd (MAEX)မှ တညင်းကုန်း ဈေးသူ/ဈေးသား (၁၈၀) ကျော်ကို ငွေကျပ်သိန်းပေါင်း (၂၀၀၀၀) ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

Myanmar Agro Exchange Public Co, Ltd (MAEX) မှ UAB, AYA, A Bank တို့နှင့် ပူးပေါင်း၍ ဈေးသူဈေးသားများအား MSME ချေးငွေထုတ်ပေးခြင်း အစီအစဉ်မှ (၅) ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း ဈေးသူ/ ဈေးသား (၁၈၆) ဦးကို ချေးငွေ ကျပ်သိန်းပေါင်း (၂၄၂၈၅) သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

A Bank မှ MSME Micro Loan ချေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၅) ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသည် (MAEX) အနေဖြင့် A Bank နှင့် ချိတ်ဆက်ကာ ပထမအကြိမ်အဖြစ် ဈေးသူ/ဈေးသား (၄၇)ဦးတို့အား ချေးငွေကျပ် (၄၉၆၅) သိန်း ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MAEX အနေဖြင့် ရန်ကုန်မြို့ရှိ Yangon Convention Centre တွင် ဖေဖော်ဝါရီ (၂၃)ရက်မှ (၂၅)ရက်အထိ ကျင်းပမည့် YRYEA EXPO ၂၀၂၄ ပြပွဲကြီး၌ တညင်းကုန်းလက္ကားဈေးကြီးအတွင်း တည်ရှိသော Shop House (နှစ်ခန်းတွဲ ၃/၄ ထပ်တိုက်)နှင့် Medium Wholesale Market (အလတ်စား ဈေးရုံ – ၂၈ / ၁၆ ခန်းတွဲ နှစ်ထပ်တိုက်များကို ငွေကျပ် သိန်း (၉၀၀) အထိ လျော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here