အိန္ဒိယ၌ မီးရှူးမီးပန်းစက်ရုံ မီးလောင် ၊လူ ၁၀ ဦး ‌ေ-သဆုံး

0
128

နူးဒေလီ၊ဖေဖော်ဝါရီ ၁၇

အိန္ဒိယနိုင်ငံ၌ ဖေဖော်ဝါရီလ ၁၇ ရက်၊စ‌နေနေ့က မီးရှူးမီးပန်းစက်ရုံ မီးလောင်ရာ လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် တမီနာဒူးလ်ပြည်နယ်ရှိ အဆိုပါမီးရှူးမီးပန်းစက်ရုံအတွင်းမှ မီးလောင်မှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းကိုမူ မသိရသေးကြောင်းပြောကြားခဲ့သည်။

“စက်ရုံပေါက်ကွဲမှုကြောင့် လုပ်သား ၁၀ ဦး‌ေ-သဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရတဲ့ လူတွေထဲက ၅ ဦးကိုလည်းဆေးရုံပို့ထားပါပြီ” ဟုလည်း၎င်းကဆိုသည်။

စက်ရုံပိုင်ရှင်များသည် အခြေခံဘေးကင်းရေးလိုအပ်ချက်များကိုလျစ်လျူရှုကာ ပါမစ်မပါဘဲ လုပ်ငန်းလုပ်ကိုင်လည်ပတ်လေ့ရှိသောကြောင့် အိန္ဒိယနိုင်ငံတဝန်းတွင် စက်ရုံမတော်တဆမှုများမှာအဖြစ်များလေ့ရှိသည်ဟုသိရသည်။

၂၀၁၉ ခုနှစ်ကလည်း ဒေလီရှိ ကျောင်းလွယ်အိတ်နှင့် ဖိနပ်များထုတ်လုပ်သည့် စက်ရုံတစ်ခုမီးလောင်မှုကြောင့် လူ ၄၀ ကျော်‌ေ-သဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆိုးရွားဆုံးမီးလောင်မှုမှာ ၁၉၈၅ ခုနှစ်က မြောက်ပိုင်း Haryana ပြည်နယ်ရှိကျောင်းတစ်ကျောင်းတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၄၄၂ ဦး ‌ေ-သဆုံးခဲ့ကာ ၎င်းတို့အနက် ၂၅၈ ဦးမှာက-လေ-းငယ်များဖြစ်သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here