ထိုင်ဝမ် ကျွန်းစုငယ်အရေး တင်းမာမှုမြင့်တက်လာပြီး တရုတ်က ကမ်းခြေစောင့်တပ် သင်္ဘောများ စေလွှတ် ကင်းလှည့်မည်ဟု ဆို

0
208
This handout photo taken on February 14, 2024 by the Taiwan Coast Guard and released on February 15 shows Taiwanese Coast Guard staff surrounding an overturned Chinese speed boat near the Kinmen Islands. - China condemned Taiwanese authorities on February 14 after two Chinese nationals died in a boat accident while pursued by Taiwan's coast guard. (Photo by Handout / TAIWAN COAST GUARD / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / TAIWAN COAST GUARD" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS - RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / TAIWAN COAST GUARD" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS / BEST QUALITY AVAILABLE

မကြာခင်က တရုတ် နိုင်ငံသားနှစ်ဦး ‌ေ-သဆုံးရမှုနဲ့ ပတ်သက်ပြီး တင်းမာမှု မြင့်တက်လာခြင်းအဖြစ် တရုတ်ကမ်းရိုးတန်းကမ်းလွန်ရှိ ထိုင်ဝမ် ထိန်းချုပ်တဲ့ ကျွန်းငယ်စုတစ်ခုရဲ့ ဝန်းကျင်မှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေ အားကောင်းအောင်လုပ်ဆောင်ကာ ကမ်းခြေစောင့်သင်္ဘောတွေ ပုံမှန်ကင်းလှည့်မှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ ရှေ့တန်းမျက်နှာစာ ကျွန်းစုတစ်ခုနဲ့ အလွန်နီးကပ်စွာ ချဉ်းကပ်လာတဲ့ တရုတ်
စပိဒ်ဘုတ်တစ်စီးဟာ ထိုင်ဝမ်ကမ်းခြေစောင့်တပ် သင်္ဘောရဲ့လိုက်လံမှုကနေ လွတ်အောင်ထွက်ပြေးဖို့ကြိုးပမ်းစဉ် တိမ်းမှေ-ာက်ပြီး စပိဘုတ်ပေါ်ပါသူ နှစ်ဦး‌ေ-သဆုံးကာ ကျန်နှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းတို့ ကမ်းခြေစောင့်တပ်ရဲ့ လုပ်ဆောင်ချက်အပေါ် ဖေဖော်ဝါရီ ၁၅ ရက်မှာ ထိုင်ဝမ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ် ထိန်းချုပ်တဲ့ ရေပြင်တွေ အထူးသဖြင့် တရုတ်ကမ်းရိုးတန်းနဲ့ သိပ်မကွာဝေးတဲ့ Kinmen နဲ့ Matsu ကျွန်းစုတွေဝန်းကျင်မှာ တရုတ်ငါးဖမ်းသင်္ဘောတွေနဲ့ အခြား တရုတ် ရေယာဉ်တွေ ခုတ်မောင်းသွားလာနေမှုနဲ့ ပတ်သက်ပြီး မကြာခင်နှစ်တွေမှာ ထိုင်ဝမ်က ထုတ်ဖော်စောဒကတက်မှုတွေလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦး ‌ေ-သဆုံးရတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်က ထိုင်ဝမ်ကို ရှုတ်ချခဲ့ပြီး Kinmen ကျွန်းစု Beiding ကျွန်းငယ်အနီးဖြစ်ပွားတဲ့ ယင်းဖြစ်ရပ်ဟာ ဆိုးယုတ်တဲ့လုပ်ရပ်အဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်အနေနဲ့ ၎င်းရဲ့ ရေကြောင်းဥပဒေစိုးမိုးရေး တပ်ဖွဲ့တွေကို အားကောင်းစေပြီး Kinmen နဲ့ Xiamen (Kinmen မျက်နှာချင်းဆိုင်ရှိ တရုတ်မြို့) ဝန်းကျင်ရှိ ရေပြင်တွေမှာ ပုံမှန်ကင်းလှည့် စစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တိုတောင်းတဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ 

ဒါဟာ သက်ဆိုင်ရာ ရေပိုင်နက်အတွင်း စီမံဆောင်ရွက်ချက်တွေကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ တံငါသည်တွေရဲ့ အသက်နဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ဘေးကင်းလုံခြုံရေး ကာကွယ်စောင့်ရှောက်ဖို့အတွက်ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦး‌ေ-သဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း ဒေါသအပြင်းအထန်ဖြစ်မှုတွေရှိခဲ့ပေမယ့် ကန့်သတ်ရေပြင်တွေ သတ်မှတ်ထားရှိမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက ဖေဖော်ဝါရီ ၁၇ ရက် အနှောင်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ တရုတ်ဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ဖြစ်တဲ့ ပြည်မကြီးရေးရာကောင်စီကတော့ Kinmen ဝန်းကျင်ရှိ ထိုင်ဝမ်ရေပြင်တွေသို့ ခွင့်ပြုချက်မရှိဘဲ တရုတ်ရေယာဉ်တွေ ဝင်ရောက်မှုကို တားမြစ်တဲ့ စည်းမျဉ်းတွေကို ထိုင်ဝမ်တပ်ဖွဲ့က ဆက်လက်ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပေမယ့် တရုတ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here