ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း ဆောင်ရွက်နေမှု အခြေအနေအား ပြည်နယ်ဝန်ကြီးချုပ်စစ်ဆေး

0
209

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင် – လုံနဒမ်း – ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေးရိက္ခာဖူရေးအတွက် ကွင်းဆင်း စစ်ဆေးရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနခရိုင်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီ (၁၇)ရက် နံနက် (၆) နာရီက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့မှ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး လမ်းလုပ်ငန်းစီမံကိန်းရှင်းလင်းဆောင်လျက်ရှိသည့် ရှိန်းလိန်းချက်တောင်ထိပ် အမြင့်ပေ ၇၀၀၀ ကျော်မှ တဆင့် ရေခဲတောင်များ မြင်တွေ့နေရမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ ကျေးရွာပေါင်း (၈) ရွာ၊ အိမ်ခြေ (၃၈ ၂) အိမ်၊ လူဦးရေ (၁၁၃၉) ဦးတို့အား အကျိုးဖြစ်ထွန်းစေမည့်အပြင် ဖုန်ကုန်ရာဇီနှင့် ဖုန်ရင်ရာဇီ နှင်းဖုံးရေခဲတောင်များသို့ သွားရာလမ်းကြောင်း တစ်ခုဖြစ်သည့်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု သိရသည်။ 

အဆိုပါ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (၂၄) မိုင် (၇)ဖာလုံ လမ်းပိုင်းတွင် ပြည်ထောင်စု ငွေလုံး ငွေရင်းရန်ပုံငွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် လမ်းဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က မြေသားပြုပြင်၍ (၃၄)ပေ အကျယ် အမာခံကျောက်ခင်းကြိတ်ခြင်းလုပ်ငန်းများ၊တောင်နံရံဖြို၍လမ်းသားတိုးချဲ့ခြင်းများနှင့် သံကူကွန်ကရစ် ရေကျော်တံတားများ တည်ဆောက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အပြန်လမ်းတွင် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာလမ်းပေါ်တွင် မူလာချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာများ၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ (တံတားတည်ဆောက်ရေး) အဖွဲ့က တာဝန်ယူတည်ဆောက်နေသည့် အရှည် ၂၄၀ ပေရှိ မူလာချောင်းကူး သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှိန်းလိန်းချက်တောင်ပေါ်ရှိ လမ်းလုပ်ငန်းစီမံကိန်းရုံး၌ တာဝန်ရှိသူများက လမ်းပိုင်းဆောင်ရွက်နေမှု နှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိမှု အခြေအနေများနှင့် မြေသားလမ်း၊ အမာခံလမ်း (၈)မိုင် (၄)ဖာလုံနှင့် မြေသားလမ်း (၁၆) မိုင် (၃) ဖာလုံဆောင်ရွက်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင်နှင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here