မြန်မာလက်နက်ကိုင်များအား လက်နက်မှောင်-ခိုမရောင်း–ထိုင်းစစ်တပ်အကြီးအကဲ

0
215

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၇

ထိုင်းစစ်တပ် အကြီးအကဲက မြန်မာလက်နက်ကိုင်များသည် ထိုင်းနိုင်ငံ၏မှောင်ခိုဈေးကွက်များမှ လက်နက်များဝယ်ယူလျက်ရှိသည်ဟူသောအချက်အားငြင်းဆိုခဲ့သည်။

“လက်နက်မှောင်-ခို ကုန်ကူးတဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိလာလို့ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါ အဲ့ဒီလက်နက်တွေဟာ ထိုင်းစစ်တပ်ကလာတာမဟုတ်ဘူးဆိုတာကို အတိအလင်းပြသနေပါတယ်” ဟု၎င်းကဆိုသည်။

ပြီးခဲ့သည့်စနေနေ့ကပြဌာန်းလိုက်သော လူငယ်တိုင်း စစ်မှုထမ်းရမည့်ဥပဒေကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာနိုင်ခြေကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် ၎င်းက ထိုင်း – မြန်မာနယ်စပ်ရှိလူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့်ပတ်သက်၍လည်းပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်းဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းတစ်ခု ထူထောင်ရန် ထိုင်းနိုင်ငံ၏မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုပါဆက်လက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနှင့် လက်နက်မှောင်-ခိုရောင်းဝယ်မှုများအပါအဝင် တရားမဝင်လုပ်ငန်းများအား တားဆီးကာကွယ်ရေး ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : နေးရှင်းထိုင်းလန်း


LEAVE A REPLY

Please enter your comment!
Please enter your name here