မင်းလှမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာ ကရင်တိုင်းရင်းသား (၄၃၈)ဦးအား ငွေကျပ် (၁၅)သိန်းဖိုးရှိ ဆန်၊ဆီ ထောက်ပံ့

0
119

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူ ကရင်တိုင်းရင်းသားများအား ဖေဖော်ဝါရီ (၁၇) ရက်က ငွေကျပ် (၁၅)သိန်းကျော်တန်ဖိုးရှိ ဆန်အိတ်များနှင့် ဆီ (၈၀) ပိဿာ ပေးအပ်ခဲ့ကြောင်း ယာယီနေရပ်စွန့်ခွာသူများအား ကူညီပံ့ပိုးရေးကော်မတီမှ သိရသည်။

ယာယီနေရပ်စွန့်ခွာသူ ကရင်တိုင်းရင်းသားများအား ယာယီနေရပ်စွန့်ခွာသူများအား ကူညီပံ့ပိုးရေးကော်မတီမှ ကောက်ခံရရှိ ငွေ (၁,၅၅၃,၀၀၀) ကျပ်အား ဆန်အိတ်များ၊ မြို့နယ်ဆီကုန်သည်ကြီးများအသင်းမှ ဆီပိဿာချိန် (၈၀)ပိဿာတို့ကို မင်းလှမြို့၊ အမှတ်(၆) ရပ်ကွက်၊ မြောက်ဘက်မြို့သစ် (၉)လမ်းရှိ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် တောင်ပေါ်ဒေသများမှ ယာယီနေရပ်စွန့် ခွာသူ ကရင်တိုင်းရင်းသားများမှာ ကိုင်းပြင်ကြီး စာဖြူစုကျေးရွာ၌ (၁၀၈)ဦး၊ စာနီစုကျေးရွာ၌ (၆၅)ဦး၊ စစ်ပြန်ကွင်းကျေးရွာ၌ (၂၂၀)ဦး၊ ဦးတိုစာဖြူစုကျေးရွာ၌ (၂၀)ဦး၊ သင်အိုင်ကျေးရွာ၌ (၁၅) ဦး၊ ကံသာယာကျေးရွာ၌ (၁၂)ဦး၊ ဖားလေးကွင်းကျေးရွာ၌ (၄၈)ဦး၊ ဘန့်ဘွေးကုန်းကျေးရွာအနီးခြံ၌ (၂၀)ဦး စုစုပေါင်း (၄၃၈)ဦးခန့်တို့ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here