ဒလတံတား အသုံးပြုခကောက်ခံရန် Toll Plaza တစ်ခု ဒလဘက်ကမ်းတွင်တည်ဆောက်မည်

0
268

မြန်မာ – ကိုရီးယားချစ်ကြည်ရေးတံတား(ဒလ)တွင် တံတား အသုံးပြုခကောက်ခံရန် (Toll Plaza ) တစ်ခုကို ဒလဘက်ကမ်း၌ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ (Toll Plaza ) တွင် ဝန်ပိုမော်တော်ယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တစ်ခုကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်သလို တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ Toll Plaza တည်ဆောက်ရန် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်မှ ဖေဖော်ဝါရီ (၁၇)ရက်တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တံတားပေါ်တွင် မော်တော်ယာဉ်များ အန္တရယ်ကင်းရှင်းစွာ မောင်နှင်နိုင်ရန် ပင်မတံတားအပိုင်း နှင့် ချဉ်းကပ်တံတား အပိုင်း၌ တစ်နာရီကို ကီလိုမီတာ ၅၀ နှုန်းခွင့်ပြုမည်ဖြစ်ပြီး ဆင်ခြေလျောတံတားအပိုင်း၌ တစ်နာရီကို ကီလိုမီတာ ၃၀ နှုန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းတံတားသစ်၏ ရန်ကုန်ဘက်အခြမ်းရှိ တစ်လမ်းမော ယင်းဖြစ်သည့် အလုံဘက်မှလာပြီး လမ်းမတော်မြို့နယ် ဝါးတန်းလမ်းအနီးမှ အတက်ဖြစ်သည့် ဆင်ခြေလျောတံတား (Ramp B) ၌ ယာဉ်ရပ်နားရန်နေရာ (၂) နေရာ၊ လသာဘက်ကိုအဆင်း ဆင်ခြေလျောအဆင်းတံတား (Ramp A ) ၌ ယာဉ်ရပ်နားရန်နေရာ (၁) နေရာ ထည့်သွင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတားများအနက် ယခုတည်ဆောက်နေသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားသည် အကြီးဆုံးနှင့်အရှည်ဆုံးဖြစ်ပြီး တံတားအရှည် ၆၁၂၈ ပေ၊ ပင်မတံတားအရှည် ပေ ၂၂၆ ၄၀၊ ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားအရှည် ပေ ၁၈၉၁၊ ချဉ်းကပ်တံတားအကျယ်(နှစ်လမ်းသွား) ၄၇ ပေဖြစ်ကြောင်း၊ ဒလဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘ က်ခြမ်းတွင် ဆင်ခြေလျှောတံတားများအကျယ် ၂၃ ပေရှိပြီး တံတားအောက် ပင်လယ်ကူးသင်္ဘောကြီးများဖြတ်သန်း သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ စတင်ကာ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here