Avdeyevka မြို့ကို ရရှိခဲ့ပြီး ရှေ့ ၈.၆ ကီလိုမီတာ အကွာအထိ ဆက်လက်သိမ်းပိုက်ဟု ရုရှားဆို

0
126

ယမန်နေ့ တစ်နေ့ထဲတွင်ပင် Donetsk ဒေသ၌ ယူကရိန်း စစ်မှုထမ်း ၁၉၀ ကျော် ကျဆုံးခဲ့ကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသည်။

ရုရှားတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၇ ရက်က Donetsk ပြည်သူ့သမ္မတနိုင်ငံ(DPR)တွင်းရှိ Avdeyevka မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းမြို့မှပတ်ပတ်လည် ၈ ဒသမ ၆ ကီလိုမီတာအကွာအထိ ဆက်လက်ချီတက် သိမ်းပိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဖေဖော်ဝါရီ ၁၇ ရက်၊ ထိုးစစ်ဆင်မှုတွင်၊ Donetskပြည်သူ့သမ္မတနိုင်ငံရှိ Avdeyevka မြို့ကို အပြည့်အဝ လွတ်မြောက်စေခဲ့ပြီး ယင်းပတ်ပတ်လည် ၈.၆ ကီလိုမီတာအထိ လွတ်မြောက်မှု ဧရိယာ တိုးမြင့်လာခဲ့သည်။ လွတ်မြောက်နယ်မြေ စုစုပေါင်း ဧရိယာသည် ၃၁.၇၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အဆိုပါ ဒေသတိုက်ပွဲများတွင် ယူကရိန်း စစ်မှုထမ်း ၁၅၀၀ ထက်မနည်းကို အ‌ေ-သဖမ်းဆီးရမိခဲ့သည်” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

Avdeyevka မြို့အား ယူကရိန်းတို့ လက်လွှတ်ဆုံးရှုးလိုက်ရခြင်းအတွက် အမေရိကန် ကွန်ဂရပ်လွှတ်တော်၏ လုပ်ဆောင်ချက်မှားယွင်းမှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့က ပြစ်တင်ဝေဖန်ခဲ့သည်။ ယူကရိန်းဖက်မှ လိုအပ်နေသည့် စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၆၀ သည် ကွန်ဂရက်လွှတ်တော်အတွင်း ကန့်ကွက်မှုများကြောင့် အတည်ပြုချက်မရ ဖြစ်နေချိန်တွင် Avdeyevka မြို့ကျဆုံးသွားခြင်းဖြစ်ကြောင်း သူကဆိုသည်။

ရှေ့တန်းတွင် လက်နက်ခဲယမ်းများ ကုန်လုနီးပါးဖြစ်နေသည့် ယူကရိန်းသို့ အကူအညီသစ်များ ထပ်မံပေးပို့ရန်ကိုလည်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် အမေရိကန်အနေဖြင့် ယူကရိန်းသို့ လက်နက်များထောက်ပံ့မည့် အကူအညီအား လောလောဆယ်တွင် ဆက်လက်‌ထောက်ပံ့နိုင်ခြင်းမရှိတော့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် ယင်းအကူအညီများကို နှစ်ဆတိုးကူညီရမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြလျှက်ရှိကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here