ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွက် မြန်မာ အပါအဝင် ဒေသတွင်းနိုင်ငံများမှ စစ်သင်္ဘောများ အိန္ဒိယ ဆိပ်ကမ်းမြို့ Vishakhapatnam သို့ ရောက်ရှိ

0
213

အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် နိုင်ငံပေါင်းစုံ ရေတပ် စစ်ရေးလေ့ကျင့်မှု MILAN2024 အတွက် မြန်မာ့ရေတပ်မှ စစ်သင်္ဘောနှစ်စင်း အပါအဝင် ဒေသတွင်းနိုင်ငံများမှ စစ်သင်္ဘောတွေ ဆိပ်ကမ်းမြို့ Visakhapatnam သို့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာခဲ့ကြကြောင်း အိန္ဒိယရေတပ် ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

MILAN စစ်ရေးလေ့ကျင့်မှုရဲ့ ၁၂ ကြိမ်မြောက် လေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၇ ရက်နေ့အထိ Visakhapatnam မှာ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ရေတပ်ဖွဲ့တွေ ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တပ်မတော်ရေမှ ဆင်ဖြူရှင် စစ်သင်္ဘောနဲ့ ကျန်စစ်သား ဖရီးဂိတ် စစ်သင်္ဘောတို့ဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ Visakhapatnam မြို့ကို ရောက်ရှိလာခဲ့တယ်လို့ အိန္ဒိယရေတပ်က ဆိုပါတယ်။   

ထို့အတူ သြစတြေးလျတော်ဝင်ရေတပ်မှ Anzac အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းလည်း ယင်းနေ့မှာပဲ ရောက်ရှိလာခဲ့တယ်လို့ အရှေ့ပိုင်းဒေသ ရေတပ်ဋ္ဌာနချုပ်က ထုတ်ပြန်ပြောဆိုကြောင်း Time of India သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ယင်းနေ့အစောပိုင်းက ဗီယက်နမ်ပြည်သူ့ရေတပ်မတော်မှ စစ်သင်္ဘောတစ်စင်းနဲ့ အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်းတို့လည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

MILAN2024 ဟာ ပူးတွဲလေ့ကျင့်မှုတွေနဲ့ အပြန်အလှန်လုပ်ဆောင်မှုတွေမြှင့်တင်ရာမှာ ရေတပ်တွေအတွက် ထိတွေ့ဆက်ဆံရာ ပလက်ဖောင်းတစ်ခုအဖြစ် ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ ဆောင်ပုဒ်ဟာ “လုံခြုံသောရေကြောင်း အနာဂတ်အတွက် ရေတပ်မဟာမိတ်များဖွဲ့ခြင်း” ဖြစ်ကြောင်း သိရပါတယ်။

Ref: India Navy, Time of India


LEAVE A REPLY

Please enter your comment!
Please enter your name here