ပြည်မြို့တွင် အမျိုးသား စက်ဘီးနင်းလာစဥ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ သတိလစ်သည်အထိ ထိခိုက်ဒဏ် ရာများရရှိ

0
212

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး စက် ဘီးနင်းလာရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး နေရာတွင် သတိလစ်သည်အထိ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်မြို့ ဒေသခံများထံမှ သိရသည်။  

ဖေဖော်ဝါရီ (၁၉)ရက်၊ ည (၇)နာရီအချိန်ခန့်တွင် ပြည်မြို့ နဝဒေးလမ်းမပေါ် ကားကြီးဝန်း (ရွှေပေါက်ပင်ရှေ့)တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြ ည်)မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ 

“တစ်ယောက်တည်း စက်ဘီးနင်းလာရင်း အရှိန်မထိန်းနိုင်ဘဲ မှောက်တာပေါ့နော်။ နေရာမှာတင် သတိလစ်နေလို့ အရေးပေါ် ဆေးကုသပေးပြီး ဆေးရုံကို ကူညီ ပို့ပေးခဲ့ပါတယ်”ဟု အသင်းမှ တာဝန်ရှိသူက ဆိုသည်။

စက်ဘီးနင်းလာသည့် အမျိုးသားသည် အခင်းဖြစ်ပွားရာနေ ရာတွင် မျက်နှာပေါက်ပြဲ၊ သတိလစ် သွေးထွက်ဒဏ်ရာရများ ရရှိခဲ့ရာ မြေပြင်အရေးပေါ် ဒဏ်ရာသွေးထိန်း လိုအပ်သည်များ ဆေးကုသပြုစုကူညီပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ အမျိုးသားကို ဆေးကုသမှုခံယူနိုင်ရန် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အရေးပေါ်ယာ ဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here