ဆီဆိုင်ဒေသခံ စစ်ရှောင်များ မြို့တွင်းဝင်၍ ပစ္စည်းပြန်ယူခြင်းများ ရှောင်ရှားကြရန် သတိပေး

0
281

ဆီဆိုင်မြို့ဒေသခံ စစ်ရှောင်များ မြို့တွင်းသို့ဝင် ရောက်ကာ ပစ္စည်းများ ပြန်လည်ယူဆောင်ခြင်းကို ရှောင်ရှားကြရန် ဒေသခံလူမှုကယ် ဆယ်ရေးအဖွဲ့များက သတိပေးထားသည်။

ယခုရက်ပိုင်းတွင် မြို့အတွင်းသို့ ပစ္စည်းများ ပြန်လည်ဝင်ယူသည့် စစ်ဘေးရှောင်ပြည်သူများရှိနေပြီး လက်နက်ကြီးများ ထိမှန်သည့်ဖြစ်စဉ်များ ရှိနေသည့်အတွက် ယင်းကဲ့သို့ သတိပေးနေကြခြင်းလည်း ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၉) ရက် နံနက်ပိုင်း၌ ဆီဆိုင်မြို့သို့ ပစ္စည်းပြန်လည်ယူဆောင်သော ဒေသခံစစ်‌ရှောင်ကားများ ဆီဆိုင်-တောင်ကြီး (၅၈) မိုင်လမ်း အရောက်တွင် လက်နက်ကြီးထိမှန်ကာ ကား(၂)စီးပျက်စီးခဲ့ပြီး အရပ်သားပြည်သူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဆီဆိုင်၊ ဆိုက်ခေါင် ပစ္စည်းယူ ပြန်သူတွေ အသက်တွေ အန္တရာယ်ရှိနေပါတယ်။ ဆိုက်ခေါင် အရှေ့ဘက် ၊ ဆီဆိုင် ၊မွှေတော် ဘုရားအရှေ့ဘက် သွားလာလို့ရပါတယ်ဆိုတဲ့သတင်းတွေ မယုံပါနဲ့။ ဒီနယ်မြေက စစ်ပွဲနယ်မြေ မိနစ်တိုင်း တိုက်ပွဲဖြစ်နိုင်ပါတယ် ” ဟု ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့က ဆိုသည်။

အဆိုပါ ဒဏ်ရာ ရရှိသူ (၆)ဦးအား ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိ အခြေအနေအား မသိရှိရသေးကြောင်း ဆိုသ ည်။

အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်း PNLO လက်နက်ကိုင်အဖွဲ့များအကြား ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြ စ်သည်။

ယင်းတိုက်ပွဲများကြောင့် ဆီဆိုင်မြို့ဒေသခံ ရာနှင့်ချီ၍ စစ်ရှောင်နေကြရပြီး ကူညီလှူဒါန်းမှုများရှိသော်လည်း စားနပ်ရိက္ခာနှင့် နေထိုင်မှုအခက်အခဲများရှိနေခြင်းကြောင့် နေရပ်ပြန်ခြင်း ပစ္စည်းများပြန်လည်ယူဆောင်ခြင်းများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here