လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး တိုင်းရင်းသားအားလုံး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေတ္တာရပ်ခံ

0
236

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့် တည်ဆောက်ရေးအတွက် အရေးပါသည့် အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲ ကြိုးပမ်းဖော်ဆောင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယနေ့ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကျရောက်သည့် (၇၆) နှစ် မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားကြောင်းလည်း ၎င်းကဆိုသည်။

စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်နေကြရင်း အချုပ်အခြာ အာဏာဆုံးရှုံးရသည့် ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန် လိုအပ်ပြီး ယင်းကဲ့သို့သော အဖြစ်မျိုး မရောက်စေရန် တစ်ခု
တည်းသော လိုအပ်ချက်မှာ ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်များတွင် ဘာသာစကား အခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားသော စိန်ခေါ်မှုများကြောင့် ပညာရည် နိမ့်ကျမှုများ၊ ပညာမသင်ယူနိုင်မှုများရှိနေပြီး လက်ရှိအခြေအနေတွင် ချင်းပြည်နယ်အပါအဝင် ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ နစ်နာဆုံးရှုံးလျက်ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်သည်ဟုလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ် စနစ်ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်း သားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီး အုပ်ချု ပ်သည့် စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး နှင့်ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် အနာဂတ် လူငယ်များ ပညာရည် မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုး တက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက် ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။

ထို့အပြင် ယနေ့ကျရောက်သည့်(၇၆)နှစ်မြောက် ချင်းအမျိုး သားနေ့တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသား ပြည်သူများ အားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြစေရန် ဆုတောင်းမေတ္တာ ပို့သကြောင်းလ ည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here