ဆရတ်သာဟာ ဝန်ကြီးချုပ်ပါဝါ အပြည့်ရှိသူဖြစ်ပြီး သက်ဆင်က ဝင်ရောက်စွက်ဖက်ခြင်းမျိုးမရှိဟု ထိုင်း-ဒုဝန်ကြီးချုပ် ပြောကြား

0
146

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလည်းဖြစ်သူ ဖန်သမ် ဝီချာရာချိုင်က လွတ်ငြိမ်းနဲ့ လွတ်မြောက်လာခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအပေါ် စတင်သြဇာလွှမ်းမိုးဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်ပြီဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

ထိုသို့ စိုးရိမ်ပူပန်မှုရှိနေသူတွေဟာ အတိတ်မှာ နစ်မွန်းနေကြတာဖြစ်တယ်လို့ မစ္စတာ ဖန်သမ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ သက်ဆင်ဟာ နောက်ပိုင်းမှာ ဖြူထိုင်းပါတီဖြစ်လာတဲ့ ထိုင်းရက်ထိုင်းပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး မစ္စတာ ဖန်သမ်အပါအဝင် လက်ရှိအာဏာရပါတီ အမာခံအဖွဲ့ဝင်များစွာရဲ့ လေးစားသမှုခံရသော အမိန့်သြဇာပေးနိုင်သူအဖြစ် ယုံကြည်ထားပါတယ်။ မစ္စတာ ဖန်သမ်ဟာဆိုရင် သက်ဆင်ရဲ့ ဝန်ကြီးချုပ်သက်တမ်းနှစ်ကြိမ်လုံးမှာ သူ့ရဲ့ ညာလက်ရုံးဖြစ်ခဲ့သူပါ။

ဝန်ကြီးချုပ်ဟောင်းဆီ သွားရောက်ဖို့ရှိသလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ မစ္စတာ သက်ဆင်အပေါ် လေးစားမှုရှိသူတိုင်း အထူးသဖြင့် ဝေးကွာနေတာနှစ်များစွာကြာပြီဖြစ်လို့ သူ့ဆီသွားရောက်တွေ့ဆုံဖို့ကြိုးစားတာဟာ သဘာဝကျတဲ့ လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်လို့ မစ္စတာ ဖန်သမ်က ဆိုခဲ့ပါတယ်။

မစ္စတာ သက်ဆင်အနေနဲ့ ဖြူထိုင်းပါတီကို အားကောင်းအောင် ကူညီဆောင်ရွက်သွားမှာလားဆိုတဲ့ မေးခွန်းကိုတော့ ပါတီဟာ အားကောင်းပြီးဖြစ်ကာ ပြည်သူတွေကို စောင့်ရှောက်ဖို့ သံန္နိဋ္ဌာန်ချထားပါကြောင်း သူက ဖြေကြားပါတယ်။

“ဖြူထိုင်းရဲ့ အားကောင်းမှုဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် အမှီပြုထားခြင်း မရှိပါဘူး” လို့ သူက ဆိုပါတယ်။

သက်ဆင်ဟာ အစိုးရအဖွဲ့မှာ ပါဝင်လာမှာလားဆိုတဲ့ အမေးကိုတော့ ဝန်ကြီးချုပ်ဟောင်းဟာ သူ့ရဲ့ ကျန်တဲ့နေ့ရက်တွေကို မိသားစုနဲ့သာ ကုန်ဆုံးလိုကြောင်း ရှင်းရှင်း လင်းလင်း ပြောထားခဲ့တယ်လို့ မစ္စတာ ဖန်သမ်က ပြောဆိုပါတယ်။ သို့ပေမယ့် မစ္စတာ သက်ဆင်ဟာ သူ့ရဲ့ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရှိတဲ့ ကိစ္စရပ်များမှာ အကြံညဏ်ပေးဖို့ ကမ်းလှမ်းထားကြောင်း ဒီကိစ္စဟာလည်း အစိုးရအဖွဲ့က အကြံညဏ်ရယူလိုခြင်း ရှိမရှိ အပေါ်မှာ မူတည်ကြောင်း ဆက်လက် ပြောဆိုပါတယ်။

မိမိတို့အစိုးရမှာ ဝန်ကြီးချုပ်နှစ်ဦး ရှိလာမှာ မဟုတ်ကြောင်းနဲ့ ဒီကိစ္စမပေါ် စိုးရိမ်ပူပန်ခြင်း မရှိကြဖို့ မစ္စတာ ဖန်သမ်က ပြောဆိုသွားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here