NLD နာယက သူရဦးတင်ဦး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ထပ်မံခံယူနေရ

0
325

NLD ပါတီ၏ နာယက ဖြစ်သူ သူရဦးတင်ဦးမှာ ကျန်းမာ ရေးချို့ယွင်းမှုနှင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အသက် (၉၇) နှစ်အရွယ်ရှိပြီဖြစ်သည့် သူရဦးတင်ဦးသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းပိုင်းကလည်း ကျန်းမာရေး မကောင်းသည့်အတွက် ရန်ကုန်ဆေးရုံသစ်(ဂျပန်ဆေးရုံ)သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရသေးသည်။

ယင်းသို့ ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဆေးရုံမှ ဆင်းကာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သည်။

ယခုတွင် ဆေးကုသမှုခံယူရန် လိုအပ်သည့်အခြေအနေဖြစ်သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပြန်လည် ပို့ဆောင်ကာ နှလုံးအထူးကြပ်မတ် ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

NLD ပါတီ၏ နာယက ဖြစ်သူ သူရဦးတင်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလတွင် လေဖျန်းသည့် ရောဂါခံစားခဲ့ရသည့်အတွက် နေအိမ်တွင် အနီးကပ်ပြုစုစောင့်ရှောက်ပေးနေရခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး နဗလုံးအထူးကြတ်မတ်ကုသဆောင်၌ ဆရာဝန်များက စောင့်ကြည့် ကုသပေးနေပြီး ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ – ပုံအဟောင်းဖြစ်သည်


LEAVE A REPLY

Please enter your comment!
Please enter your name here