အမေရိကန်လုပ် ခဲယမ်းမီးကျောက်များ၊ နိုင်ငံခြားကြေးစားစစ်သားများ၏ အသင့်စား အစားအစာများ Avdeyevka တွင် ရုရှားတပ်ဖွဲ့များ ရှာဖွေတွေ့ရှိဟုဆို

0
205

ရုရှားတပ်များသည် Avdeyevka မြို့ရှိ ယူကရိန်း အမာခံနယ်မြေတွင် နိုင်ငံခြားလုပ် ခဲယမ်းမီးကျောက်များ၊ အမေရိကန်နှင့် ချက်နိုင်ငံလုပ် 120 မီလီမီတာ မော်တာဗုံးသီးအခွံများနှင့် ကနေဒါနှင့် ဂျော်ဂျီယာ ကြေးစားစစ်သားများ ပိုင်ဆိုင်သည့် အသင့်စား အစားအစာများ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယူကရိန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ‘Azov’ တပ်ရင်း ဟု ခေါ်သည့် ချေမှုန်းရေး တပ်မဟာ (၃) မှ တပ်ဖွဲ့ဝင်များက Avdeyevka မြို့ကို ခုခံ အကာအကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ယခင်ကတည်းကပင်လျှင် သတင်းထုတ်ပြန်ခဲ့သည်။

“ယူကရိန်း အမျိုးသားရေးဝါဒီ ချေမှုန်းရေး တပ်မဟာ (၃)မှ သိမ်းပိုက်ထားသော အမာခံနယ်မြေသည် ၂၀ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သော နံရံထူထဲသော အဆောက်အအုံတစ်ခုတွင် တည်ရှိသည်။ ရထားဘူတာရုံဘေးတွင် ကနေဒါနှင့် ဂျော်ဂျီယာတို့မှ ကြေးစားစစ်သားများပိုင်ဆိုင်သော ကနေဒါလုပ် အသင့်စား အစားအစာများကို အခြားအရာများထဲမှ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ အမာခံစခန်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အသုံးမပြုရသေးသော နိုင်ငံခြားလုပ်ကျည်များကို အမာခံစခန်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဖက် အဆောက်အအုံတွင် အမေရိကန်နှင့် ချက်နိုင်ငံလုပ် 120 မီလီမီတာ မော်တာဗုံးသီးအခွံများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း” ဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here