နာဗယ်လ်နီသေဆုံးရသည့်အကြောင်းရင်းအားရုရှားက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဟုပြောရေးဆိုခွင့်ရှိသူဆို

0
131

မော်စကို၊ဖေဖော်ဝါရီ ၁၉

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီ၏သေဆုံးမှုနှင့်ပတ်သက်၍ တိကျခိုင်မာသည့်အကြောင်းအရင်းအား ရုရှားအာဏာပိုင်များကထုတ်ဖော်ပြောကြားခြင်းမရှိသေးသကဲ့သို့ မည်သည့်အချိန်မှ တရားဝင်ထုတ်ပြန်ကြေငြာမည်ဟူသောအချက်ကိုလည်းမသိရသေးကြောင်း အလက်ဇီ၏မိခင်ကို ပြောကြားခဲ့သည်။

အသက် ၄၇ နှစ်အရွယ်ရှိပြီး တချိန်က ရှေ့နေဖြစ်သည့် အလက်ဇီသည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရရာမှ ‌သောကြာနေ့က သတိလစ်ကာ ရုတ်တရက်သေဆုံးသွားခြင်းဖြစ်သည်ဟုသာ အကျဉ်းဦးစီးက ပြောကြားခဲ့ပြီး အကြောင်းအရင်းကို တိတိပပ မသိရသေးပေ။

မစ္စတာနာဗယ်လ်နီ၏ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် မစ္စ Yarmysh ကမူ သေဆုံးရခြင်းအကြောင်းရင်းအား မသိရသေးသကဲ့သို့  ဖိဖိစီးစီးစုံစမ်းစစ်ဆေးမှုလည်းမလုပ်ပေးဟုပြောကြားခဲ့ပြီး မစ္စတာနာဗယ်လ်နီ၏ မိခင်နှင့် ရှေ့နေများအား ရင်ခွဲရုံထဲသို့လည်းပေးမဝင်ခဲ့ကြောင်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here