မုံရွာတွင် ကျွန်းအစားထိုး ပရိဘောဂများတွင် ကျယ်စွာပြု လုပ်ရောင်းချလာ

0
180

ဈေးနှုန်း မြင့်မားမှုနှင့် ကုန်ကြမ်းရှားပါးလာမှုကြောင့် တန် ဖိုးမြင့် ကျွန်းသားအစား ထန်းသားအရင့်၊ ကုက္ကိုသားအရင့်စသည့် အနှစ်ပါသော အသားများအသုံးပြု၍ ပရိဘောဂပ စ္စည်းများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း သိရသည်။

“ရှေးတုန်းက ပရိဘောဂပစ္စည်းအများစုကို ကျွန်းသားနဲ့သာပြုလုပ်ခဲ့ကြပေမယ့် အခုမှာတော့ ကျွန်းသားရှားပါးလာတာရော ဈေးနှုန်းအလွန်ကြီးမြင့် လာတာရောကြောင့် ကျွန်းအ စားထိုး အခြားအသားတွေ သုံးလာကြတယ်။ ကျွန်းသားထ က်ခိုင်ခံ့တဲ့ တမလန်းသစ်၊ သစ်ပိတောက်တွေလို ခိုင်ခန့် လှ ပတဲ့ ထန်းသား၊ ကုက္ကိုစတဲ့ အနှစ်ပါတဲ့ သစ်တွေနဲ့ ပရိဘော ဂတွေပြုလုပ်လာကြတယ်”ဟု မုံရွာမြို့ပရိဘောဂအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

အခြားသစ်များဖြင့်ပရိဘောဂပြုလုပ်ရာတွင် ကျွန်းသားကဲ့ သို့လွယ်ကူခြင်းမရှိဘဲ ခက်ခဲမှုအနည်းငယ်ရှိပြီး ကုက္ကိုသားပရိဘောဂတစ်စုံလျင် လက်ခစားလုပ်အားခ ၁၅၀၀၀၀ ကျပ်ပေးရပြီး သစ်/လက်ခ/ဆေးသုတ်အပြီးအစီး ပြုလုပ်ပါက လက်ရှိဈေး (၅)သိန်းကျပ် ကျော်ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

ပရိဘောဂ ပစ္စည်းများကို အလေ့ကျပေါက်သည့် အဝေရာပင်အရင့်၊ ယူကလစ်အသားကဲ့သို့သော သစ်များဖြင့်လည်း စမ်းသပ်ပြုလုပ်လာကြပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here