ပြင်သစ်နှစ်ဦးက  စွန့်ပစ်သစ်သားများနှင့် အီဖယ်လ်မျှော်စင်ပုံစံတူဆောက်လုပ်

0
146

လာရှေဗရိုလီယဲ၊ဖေဖော်ဝါရီ ၂၀

ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ သူငယ်ချင်းနှစ်ဦးသည် စွန့်ပစ်သစ်သားမှ ပြန်လည်အသုံးပြုထားသောသစ်သားဖြင့် ၁၆ မီတာ (၅၂ ပေ) မြင့်သော အီဖယ်လ်မျှော်စင်ပုံတူအားတည်ဆောက်ခဲ့ပြီး ၂၀၂၄ တွင်ကျင်းပမည့် နွေရာသီအိုလံပစ်ပွဲတွင် ထည့်သွင်းပြသနိုင်ရန်မျှော်လင့်ထားကြောင်းသိရသည်။

ဖရေးဒရိဒ် မာမေဇတ်ခ်  သည် အသက် ၃၈ နှစ်အရွယ်ရှိ လက်သမားတစ်ဦးဖြစ်ပြီး စွန့်ပစ်ထားသောသစ်သားများကိုအသုံးပြု၍ မျှော်စင်ပုံတူကိုတည်ဆောက်ရန်အတွက် အသက် ၄၆ နှစ်အရွယ်ရှိ ဆီဗီးယန် ဘူချတ် နှင့်တွဲဖက်လုပ်‌ဆောင်ထားခြင်းဖြစ်‌ကြောင်းလည်းသိရသည်။

“အခုပရောဂျက်မှာ တတ်နိုင်သမျှစွန့်ပစ်ပစ္စည်းတွေကိုသာအသုံးပြုထားပါတယ်၊မဟုတ်ရင်လည်း စွန့်ပစ်မဲ့သစ်သားတွေဖြစ်တာမို့ စွန့်ပစ်ပစ္စည်းတွေကနေလည်း ကြီးကျယ်တဲ့အရာတွေဖန်တီးလို့ရတယ်ဆိုတာပြချင်တာပါ” ဟု ၎င်းတို့ကဆိုသည်။

၎င်းတို့သည် သစ်သား ၈၂၅ ခုခန့်ကို အသုံးပြုတည်‌ဆောက်ခဲ့သည်ဟု မာေမဇတ်ခ်ကပြောကြားခဲ့ပြီးယခုပရောဂျက်အား ၂၀၂၃ ခုနှစ်၊စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

အိုလံပစ်ပွဲကျင်းပရာနေရာများအနီး၌ ၎င်းတို့၏ အီဖယ်မျှော်စင်အသေးစားအား တရားဝင်ပြသခွင့်ရရှိရန် မျှော်လင့်ထားကြောင်းလည်း မာမေဇတ်ခ် ကဆက်လက်ပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here