ကိုရီးယားသို့ ပညာသင်ကြားရန် လာရောက်မည့် သူများအ နေဖြင့် ပညာသင်စရိတ်ကို သက်ဆိုင်ရာကျောင်းများသို့ တို က်ရိုက်ပေးသွင်းကြရန် သံရုံးမှ အသိပေး

0
124

ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ၊ ကိုရီးယားဘာသာ စကားသင်တန်းကျောင်းများသို့ သင်တန်းတတ်ရောက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသည့်ဘဏ်များတဆင့် ငွေပေးသွင်းကြရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထားသည်။

ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့်ရရှိပြီးနောက် သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ကျောင်းများသို့ကျောင်းဝင်ကြေးနှင့် ပညာသင်ကာလအလိုက် ပေးသွင်းရမည့် သင်တန်းကြေးများအား ပေးသွင်းရာတွင် မြန်မာနိုင်ငံရှိ ဘဏ်များမှတဆင့် ယင်းတက္ကသိုလ်၊ ကျောင်းများမှ သ တ်မှတ်ပေးထားသည့် ဘဏ်ငွေစာရင်းများသို့ တိုက်ရိုက်လွှဲ ပြောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ရိုက်ပေးသွင်းနိုင်ခြင်း မရှိသူများအနေ ဖြ င့် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော အသိမိတ်ဆွေများနှင့် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီအချို့မှတဆင့် ပေးသွင်းနေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသ ည်။

ယင်းသို့ပေးသွင်းရာတွင် ကိုရီးယားဘက်ရှိ အသိမိတ်ဆွေနှင့် ကုမ္ပဏီအချို့သည် သက်ဆိုင်ရာကျောင်းများသို့ အမှန်တကယ် ပေးသွင်းမှုများမရှိသဖြင့် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ လာရောက်ပညာသင်ကြားကြမည့်သူများသည် ဆုံး ရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိရာ မြန်မာသံရုံးသို့ အထော က်အထားများတင်ပြ၍ တိုင်ကြားလာမှုများ ပြုလုပ်လာလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပညာသင်စရိတ်များ လွှဲပြောင်းပေးပို့ရာတွင် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများ၊ အငြင်းပွားမှုများနှင့် တရားရင်ဆိုင်မှုများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် လွှဲ ပြောင်းပေးသူများအနေဖြင့် ငွေများအားလွှဲပြောင်းပေးပို့ခြင်းမပြုမီ သေချာစိစစ်စုံစမ်းပြီးမှသာ လွှဲပြောင်းပေးကြပါရန်နှင့် အလျင်စလိုလွှဲပြောင်းခြင်းများမပြုလုပ်ကြရန် သံရုံးမှ အသိပေးထားသည်။

မြန်မာသံရုံးအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များနှင့်ချိတ်ဆက်ဆောင်ရွက်၍ လိုအပ်သည့်စိစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here