ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များထဲမှ ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချော တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်ကထက် တစ်ဘီလီယံကျော် လျော့ကျနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၈၂ ဘီလီယံကျော်ရရှိထားကြောင်း စာရင်းများအရ သိရသည်။
အဆိုပါ ပို့ကုန်ရငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံကျော်လျော့ကျခဲ့ခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန် ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုတွင် ကဏ္ဍအလိုက် တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍ တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၉၂ ဘီလီယံကျော်နှင့် နိုင်ငံပိုင်က ဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒဿမ ၈၉ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်သည်။
စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည်တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်း ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။