လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ဟုပြည်ထောင်စုဝန်ကြီးပြော

0
139

လက်ရှိတွင် လူမှုဖူလုံရေး စီမံကိန်း အကျုံးဝင် မြို့နယ် ၁ ၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကပြောကြားခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ဖေဖော်ဝါရီ (၂၀) ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်‌သည်။

လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှု ဖူလုံရေးအဖွဲ့ (International Social Security Association- ISSA)၊ အာဆီယံ လူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက်ကောင်းမွန်သည့် လူမှုဖူလုံရေးလုပ်ငန်း ဆောင်ရွက်မှုများပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အာမခံ အလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိအကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားရန် အတွက်လည်း ပြ ည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here