သထုံမြို့ လိပ်အင်းရပ်ကွက်တွင် ရေတွင်းထဲ ပြုတ်ကျခဲ့သည့် အမျိုးသားအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

0
135

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျခဲ့သည့်အတွက် အသက်ရှင်လျက် ကယ်ဆယ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် ဖေဖော်ဝါရီ (၂၀)ရက်က အသက် (၄၃)နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ရေတွင်းထဲသို့ ပြုတ်ကျကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ဒေသခံများနှင့်အတူ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သွားရောက် ဆယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသား တစ်ဦး ရေတွင်းဘောင်ပေါ် ထိုင်နေရင်း ရေတွင်းထဲကို နောက်ပြန်ပြုတ်ကျတာလို့ သိရတယ်။ အတက်ရောဂါရှိသူဖြစ်တယ်လို့လည်း ပြောတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ရေတွင်းထဲ ပြုတ်ကျသူ အမျိုးသားကို လူ (၃)ဦးမှ ရေတွင်းထဲ ဆင်းကာ ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here