ရုရှား-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည်

0
196

မြန်မာ – ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော စိန့်ပီတာစဘတ် – မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်၍ အမှာစကားပြောကြားစဉ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ စိန့်ပီတာစဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲ Mr. Vladimir Zapevalov၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ ကဘ်ဂါနိုဗ့်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုံး၊ စိန့်ပီတာစဘတ် ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ စိန့်ပီတာစဘတ် တရားရေးဆိုင်ရာဌာနမှ ဒုတိယဥက္ကဌ Mr. Nikolay Bondarenko တို့က Hybrid စနစ်ဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov က video message ပေးပို့ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here