အီးယူနှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ – ဘရပ်ဆဲလ်ကော်မတီ (ABC)တို့ အကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေး

0
147

ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ – ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို ဖေဖေါ်ဝါရီ (၂၀) ရက်က ဘရပ်ဆဲလ်မြို့ရှိ လာအိုသံရုံးတွင်း ကျင်းပခဲ့ပြီး အီးယူနှင့် ABC တို့အကြား ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာဆီယံ – ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးစိုးလဘင်းဟန်မှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ABC သံအမတ်ကြီးများသည် ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာန (EEAS) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Niclas Kvarnström နှင့် ABC သံအမတ်ကြီးများအကြား အာဆီယံ – အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးအလွန် အလုပ်သဘော နေ့လယ်စာစားပွဲ ကျင်းပနိုင်ရန် EEAS မှ ဖိတ်ကြားလာသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) Mr. Josep Borrell နှင့် ABC သံအမတ်ကြီးများ တွေ့ ဆုံမှုပြုရေးကိစ္စများကို ထပ်မံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥရောပပါလီမန်၊ အရှေ့တောင် အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and the Association of Southeast Asia Nations-DASE) နှင့် ABC သံအမတ်ကြီးများ အလုပ်သဘော နေ့လယ်စာစားပွဲ ကျင်းပရန်ကိစ္စများလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဘရပ်ဆဲလ်မြို့ရှိ ယူရေးရှား စီးပွားရေးသမဂ္ဂ (Eurasian Economic Union-EAEU) အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် ABC သံအမတ်ကြီးများ တွေ့ ဆုံရန်ကိစ္စ၊ ဥရောပပါလီမန်၌ အဆိုပြုထားသော Legisla tion on Third Party Litigation Funding (TPLF) ကိစ္စများလည်း ထည့်သွင်းဆွေးနွေးခဲ့သေးသည်။

၎င်းအပြင် ဘရပ်ဆဲလ်မြို့ရှိ အာဆီယံသံရုံးများ အကြား ချစ်ကြည်ရေး ဘိုးလင်းကစားပွဲ ကျင်းပရန်ကိစ္စနှင့် လူဇင်ဘတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဇင်ဘတ် ကုန်သည်ကြီးများအသင်းနှင့် ABC သံအမတ်ကြီးများ တွေ့ဆုံရန်ကိစ္စ စသည်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here