ရုရှားတွင် ကျင်းပမည့် Games of the Future MLBB ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် Burmese Ghouls ဝင်ရောက်ယှဉ်ပြိုင်မည်

0
168

ပြည်တွင်း MLBB လောကတွင် အအောင်မြင်ဆုံးအသင်းဖြစ်သည့် Burmese Ghouls အသင်းသည် ရှရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Games of the Future 2024 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၆) ရက်မှ မတ်လ (၂) ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု အမေရိကန် ဒေါ်လာ ၃၅၀၀၀၀၊ ဒုတိယ အမေရိကန် ဒေါ်လာ ၁၆၀၀၀၀၊ တတိယ အမေရိကန် ဒေါ်လာ ၁၂ဝဝဝဝ၊ စတုတ္ထ အမေရိကန် ဒေါ်လာ ၇၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Games of the Future 2024 ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ လက်‌ရွေးစင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း (၄) အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Burmese Ghouls အသင်းသည် Group (A) ၌ ရုရှားကိုယ်စားပြု Deus Vult ၊ အင်ဒိုနီးရှား ကိုယ်စားပြု RRQ Hoshi ၊ မွန်ဂိုလီးယား ကိုယ်စားပြု Team Lilgun တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

Burmese Ghouls အသင်းအနေဖြင့် Game Of Future ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ကစားသမားများအနေဖြင့် Kyaw ” Blink ” Thuya ( Roam ), Htet Linn Hlyan ” Stitch ” Aung ( Gold – Lane ), Hein Arkar ” Niko ” Htet ( Mid-Lane ),
Gerald ” Dlar ” Trinchera( Exp – Lane )’ Kenneth ” Saxa ” Fedelin ( Jungle )’ Steven” Coach, Dale ” Vitug ( Head Coach ), Thet Lynn ” Lynn Daddy ” Htut ( Assistant Coach ) တို့ပါဝင်ကြောင်း သိရသည်။

Burmese Ghouls အသင်းသည် (MLBB) ပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ရုရှားမှ Deus Vult အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

လူငယ်များဖြင့်ဖွဲစည်းထားသော Burmese Ghouls အသင်းသည် ၂၀၁၈ ခုနှစ်မှစ၍ eSports လောကတွင်လူကြိုက်များလာပြီး HUAWEI Mobile Legends Championship, ZURICH MLBB Championship, MSC MM Qualifier 2018, HUAWEI Nova 3I Championship, MPL Myanm ar Season 1, HUAWEI Nova 5T Championship, MPL Myanmar Season 3, ZURICH MLBB Championship 2020, MPL Myanmar Season 4, MPL Myanmar Season 5 အပါအဝင် အခြားပြိုင်ပွဲပေါင်းများစွာတွင် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုပွဲပေါင်းများစွာ ကစားခဲ့ကာ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး eSports အသင်းအဖြစ်မှတ်တမ်းဝင်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here