မန္တလေးမြို့ပေါ်တွင် တန်ဖိုးကြီး ဆိုင်ကယ်များအား အုပ်စုဖွဲ့ ဓ-ါးထောက်လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် တရားခံ (၄)ဦး ဖမ်းဆီးရမိ

0
440

မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့ဓ-ါးထောက်ကာ လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် တရားခံ (၄) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချ က်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ (၅၃)လမ်း၊ (၂၇)လမ်းနှင့် (၂၉)လမ်းကြားတွင် ဖေဖော်ဝါရီ (၁၉)ရက်၊ မွန်းလွဲ (၁)နာရီခန့်က အမျိုးသား (၁) ဦး ဓ-ါးဒဏ်ရာများဖြင့် လဲကျနေခဲ့ကြောင်း သတင်းအရ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသား(၁)ဦးဓ-ါးဒဏ်ရာများဖြင့် လဲကျ‌ေ-သဆုံးနေသည်ကိုတွေ့ ရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကို စစ်ဆေးရာ ‌ေ-သဆုံးသူမှာ အခင်းဖြစ်နေ့တွင် (၅ ၃) လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ Scoopyi အနက်ရောင် ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် (၂၇) လမ်းနှင့် (၂၉) လမ်းကြား အရောက် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ (၄)ဦးပါ ဆိုင်ကယ် (၂)စီးမှ ရှေ့မှ ပိတ်ရပ်ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူများမှ အသင့်ယူဆောင်လာသော ဓ-ါးများဖြင့် ထို-း၍ ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး တာဝန်ရှိသူများမှ အဖွဲ့များခွဲ၍ စစ်ဆေးခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင်(ခ) ဒေါက်ဒေါက် (၂၂)နှစ် ၊ တိုးဝေ(ခ) တိုးတက် (ခ) အားထစ် (၁၇)နှစ်၊ ရဲဝင်းအောင် (၁၇)နှစ်၊ ကျော်ကြီး (ခ) ကျော်ကျော်မြင့် (၁၈)နှစ်တို့ (၄)ဦးနှင့် အတူ သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများအကိုသက်သေခံ ပစ္စည်းများနှင့်အတူ ဖြစ်စဉ် ဖြစ်ပွားပြီး (၃၅) နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ကနဦး စစ်ဆေးချက်အရ ၎င်းတို့မှာ မန္တလေးမြို့ပေါ်ရှိ လူအသွားအလာနည်းပါးသည့် နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး ဆိုင်ကယ်များအား ဓ-ါးထောက်လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံ ပစ္စည်းများ ဆက်လက်သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း နစကသတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here