မြန်မာနှင့် အခြား (၇) နိုင်ငံအား မြေမြှုပ်မိုင်းအန္တရာယ်အသိ ပညာပေးရေးဆိုင်ရာ ပရောဂျက်များ လုပ်ဆောင်ရန် UK က ကန်ဒေါ်လာ (၉) သိန်းခွဲကျော် ထောက်ပံ့မည်

0
221

ယူကေအနေဖြင့် မြန်မာနိုင်ငံနှင့် အခြား (၇) နိုင်ငံသို့ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးဆိုင်ရာ ပရောဂျက်များ လုပ်ဆောင်ရန် ရန်ပုံငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၉၅၁,၀ ၀၀ (စတာလင်ပေါင် ဝ.၇၅ သန်း) ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ သိရသည်။

အဆိုပါ ရန်ပုံငွေများကို မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် မြေမြှုပ်မိုင်းရှိသည့် ဒေသများတွင် ဘေးကင်းစွာ နေထိုင်နည်း အ သိပညာပေးရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက ဖေဖေါ်ဝါရီ (၂၀) ရက်တွင်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(၂) နှစ်အတွင်း မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ပွဲမှ အကြွင်းအကျန်များကြောင့် လူပေါင်း (၅၀၀)ကျော် ‌ေ-သဆုံး (သို့) ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ‌ေ-သဆုံးမှုနှုန်း အများဆုံး နံပါတ် (၅) နေရာတွင်ရှိကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခု ရန်ပုံငွေမှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်မှု အများဆုံး သက်ရောက်သည့် အသိုက်အဝန်းများထံ အထောက်အပံ့များ ပေးနိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here