သရေခေတ္တရာမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးလွှဲ တပ်ဆင်မည်

0
232

သရေခေတ္တရာမြို့ဟောင်းရှိ မိုးကြိုးလွှဲ တပ်ဆင်ရန်လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးလွှဲ တပ်ဆင်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနထံမှ သိသည်။

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) နှင့် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ တူးဖော်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နုမြဇံ မှဖေဖော်ဝါရီလ (၂၀) ရက်က လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် သရေခေတ္တရာမြို့ဟောင်းရှိ အတွင်းနန်းတော်ရာ ကျုံးတူးဖော်ထားရှိမှု အခြေအနေ၊ အတွင်းနန်း တော်ရာနှင့် ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် ရေကန်ဆယ်ခြင်း၊ ရေကန်တူးခြင်းလုပ်ငန်းများကို ထည့်သွင်းစဉ်းစားထားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် တူးဖော်မှုကုန်းအမှတ် (၅၃) ၊ ဘောဘောကြီးစေတီ၊ ဘဲဘဲဂူဘုရား၊ ဦးခင်ဘကုန်းနှင့် ဘုရားထောင်ဂူဘုရားတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးကြိုးလွှဲ တပ်ဆင်ရန်လိုအပ်သော ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးလွှဲ တပ်ဆင်ထားရန်၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများပေါ်တွင် ညောင်ပင်များ ပေါက်ရောက်နေပါက ဓာတုဗေဒဆေးဝါးများဖြင့် ညောင်ပင်သ-တ်၍ ရှင်းလင်းရန်နှင့် ရှေးဟောင်း အဆောက်အအုံများ၏ ပေ (၂၀)ပတ်လည်အထိ ပေါင်းမြက်များရှင်းလင်းထားရန်၊ ဘု ရားများအတွင်း လင်းနို့များ၊ ငှက်များ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here