ကျောက်တန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ လူနေအိမ် (၅)လုံး ဆုံးရှုံး

0
172

ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိကျူးကျော်ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ(၂၁)ရက် မွန်းလွဲပိုင်းအချိန်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၅)လုံး ဆုံးရှုံးခဲ့ပြီး၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးစတင်လောင်ကျွမ်းရခြင်းမှာ အဆိုပါ ရပ်ကွက်နေ အမျိုးသားတစ်ဦး၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ အထောက်အကူပြုယာ ဉ်တစ်စီး၊ သီလဝါနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ရေသယ်ယာဉ် တစ်စီးနှင့် ရပ်ကွက်နေပြည်သူများ က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် အမျိုးသားအား ကျောက်တန်းမြို့မရဲစခန်မှ(ပ)၂၅/ ၂၀၂၄၊ ပုဒ်မ-၂၈၅ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- လောကအလင်း လူမှုကူညီကယ်ဆယ်ရေး အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here