ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းဖောက်ခွဲခံရမှုကြောင့် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များ ကြန့်ကြာခဲ့ရ

0
128

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား ရန်ကုန် – မန္တလေးရထားလမ်းပိုင်း တံတားအမှတ် (၁၄၅)ပေါ်တွင် မိုင်းဖောက်ခွဲခံရမှုကြောင့် လူစီးရထားနှင့် ကုန်ရထားခရီးစဉ်များကြန့်ကြာမှု ဖြစ်ခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃ /၆-၇ ရှိ တံတားအမှတ် (၁၄၅)တွင် ဖေဖော်ဝါရီ (၂၀) ရက် ည (၉) နာရီခွဲအချိန်က မိုင်းပေါက်ကွဲသံများ ကြားရသဖြင့်ကျောက်တံခါး-ပိန်းဇလုပ် ရထားလမ်းပိုင်း ခေတ္တပိတ်ထား ခဲ့ရကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် အမှတ်(၉၁၄)အစုန်ကုန်ရထားမှာ ကညွတ်ကွင်းဘူတာ၌လည်းကောင်း၊ အမှတ် (၉၂၄-A) အစုန်ကုန်ရထားမှာ ဖြူး ဘူတာ၌လည်းကောင်း၊ အမှတ် (၉၂၄-B) အစုန်ကုန်ရထားမှာ ကျွဲပွဲဘူတာ၌လည်းကောင်း၊ အမှတ် (၆၅၃) အဆန်ကျောက်ရထားသည် အုတ်တွင်း ဘူတာ၌ လည်းကောင်း၊ အမှတ်(၉၀၂) အစုန်ကုန်ရ ထားမှာ သောင်းတိုင်ကုန်း ဘူတာ၌လည်းကောင်း ဖေဖော်ဝါရီ (၂၀) ရက်က အသီးသီးရောက်ရှိ ရပ်နားထားခဲ့ရကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီ (၂၁) ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန် ထွက်ခွာလာသော အမှတ်(၁၁) အဆန် လူစီးရထားသည် ဖေဖော်ဝါရီ (၂၁) ရက် နံနက် (၉) နာရီ (၄၈) မိနစ်အချိန်တွင် ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး ၎င်းရထားဖြင့် လိုက်ပါလာသော ခရီးသည်များအား မြန်မာ့မီးရထားဝန်ထမ်းများက သောက်ရေသန့်နှင့် နေ့လယ်စာများ ဝေငှပေးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ နယ်မြေတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခဲ့ပြီး၊ မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာ တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း(၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြ-တ်ထွ-က်ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီ ဖားတုံး(၃၆)တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါ က် (၅)ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဖေဖော်ဝါရီ (၂၁)ရက်၊ နံနက် (၁၁) နာရီမှ စတင်၍ ရထားလမ်းကို ပြုပြင်ခဲ့ရာ ဖေဖော်ဝါရီ (၂၁)ရက် မွန်းလွဲ (၃) နာရီ (၂၅) မိနစ်တွင် ပြီးစီးခဲ့သဖြင့် လမ်းပိုင်းအား မွန်းလွဲ (၃) နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစတင်၍ ယခုအချိန်အထိ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှိဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်ဟု မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here