အသက် (၃၉) ပြည့်ပြီးသော်လည်း နောက်ဆုံး (၃) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် စီရော်နယ်လ်ဒို

0
103

လက်ရှိဘောလုံးလောက၏ အောင်မြင်မှု အများဆုံးနှင့် စံချိန်များကို ချိုးဖြတ်သူဟု နာမည်ကြီးသည့် ခရစ္စတီယာနိုရော်နယ်လ်ဒိုသည် အသက်မှာ (၃၉) နှစ် ပြည့်ပြီးဖြစ်သော်လည်း နောက်ဆုံး (၃) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီ (၁၅)ရက်က ကစားခဲ့သည့် (၂၀၂၃) အာရှချန်ပီယံလိဂ် (၁၆)သင်းအဆင့်တွင် (အနောက် အာရှဇုန်) Al-Fayha အသင်းကို သွင်းဂိုးတစ်ဂိုး၊ ဖေဖော်ဝါရီ (၁၇) ရက်က Al Fatech အသင်းကို သွင်းဂိုးတစ်ဂိုး ယနေ့နံနက်အစောက ကစားခဲ့သည့် Al-Fayha အသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုကြောင့် စီရော်နယ်လ်ဒို၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုးမှာ (၈၇၆) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here