မြန်မာ – ရုရှား နှစ်နိုင်ငံ နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စ၊ပညာသင်ဆုပိုမိုပေးအပ်ရေးအစီအစဉ်များဆွေးနွေးခဲ့

0
146

မြန်မာ – ရုရှား နှစ်နိုင်ငံ စီးပွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍများ အပါအဝင် အခြားသောကဏ္ဍများ ပူးပေါင်း‌ဆောင်ရွက်နိုင်‌ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey အား ဖေဖော်ဝါရီ(၂၁)ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်း ကဏ္ဍများအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုပိုမိုပေးအပ်ရေးအစီအစဉ်များ တိုးမြှင့်ဖော်ဆောင်ရေးနှင့်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here