ယူကရိန်းအတွက် မသင့်တော်သော သံချပ်ကာယာဉ်များကို ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက မတန်တဆဈေးနှင့် ဝယ်ယူခဲ့သဖြင့် စစ်ဆေးမည်ဟုဆို

0
196

ယူကရိန်းစစ်မြေပြင်အတွက် မသင့်တော်သော သံချပ်ကာယာဉ်များကို ယူကရိန်းသို့‌ ထောက်ပံ့ပေးပို့ရန်အတွက် ဂျာမနီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်သူများထံမှ မတန်တဆဈေးနှင့် အစီးပေါင်းများစွာ ဝယ်ယူခဲ့ခြင်းကို စိစစ်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံထုတ် Bild သတင်းစာက ဖွင့်ချရေးသားထားသည်။ ထိုကိစ္စသည် ဂျာမနီကာကွယ်ရေးဝန်ကြီးတွင် အဓိက တာဝန်ရှိကြောင်းကိုလည်း ယင်းသတင်းစာကဆိုထားသည်။

ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းစစ်မြေပြင်အတွက် သင့်တော်မည့် Reihnmetall သံချပ်ကာယာဉ်များကို ဝယ်ယူရန်တင်ပြထားသည့် စာရင်းမှ ပယ်ဖျက်လိုက်ကာ၊ သံချပ်ကာထုထည်ပါးကာ ပိုမိုပေါ့ပါးသည့် APC သံချပ်ကာယာဉ်များကို Flensburger Fahrzeugbau ကုမ္ပဏီထံမှ မတန်တဆဈေးများဖြင့် ဝယ်ယူခဲ့ကြောင်း ငွေစာရင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ APC သံချပ်ကာယာဉ်များမှာ အမေရိကန်မှ စတင်ထုတ်လုပ်ခဲ့ပြီး မူရင်းအမည်မှာ Batt Umg ဖြစ်သော်လည်း၊ ယခုအခါတွင် အမေရိကန် လိုင်စင်ခံ၍ နိုင်ငံအသီးသီးတွင် ထုတ်လုပ်နေပြီဖြစ်သည်။

ယခုအချိန်အထိ ဂျာမနီအစိုးရဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့်စာရင်းအရ ယူကရိန်းသည် ယင်းအမျိုးအစား သံချပ်ကာယာဉ် ၄၈ စီးကို လက်ခံရရှိထားပြီးဖြစ်သော်လည်း၊ Bild သတင်းစာဝယ် ရေးထားသည့်အတိုင်း အဆိုပါ သံချပ်ကာယာဉ်များသည် စစ်မြေပြင်စစ်ဆင်ရေးများနှင့် တိုက်ခိုက်ရေးအခြေအနေများအတွက် လုံးဝမသင့်တော်သည့် ယာဉ်များဖြစ်နေကြောင်း ယူကရိန်းတို့လည်း ဆိုလာကြသည်။

ပထမအချက်မှာ အမြောက်များ၊ ဒုံးကျည်နှင့် မော်တာဗုံးသီးတို့ကို လက်တွေ့ကျကျ မကာကွယ်နိုင်သည့် ပါးလွှာသော ချပ်ဝတ်တန်ဆာကြောင့်ဖြစ်သည်။ APC ယာဉ် ၏ချပ်ဝတ်တန်ဆာသည် ခြေမှုန်းရေးရိုင်ဖယ်​ေ-သနတ်များကိုသာ အကာအကွယ်ပေးသောကြောင့် အချို့သော တိုက်ခိုက်ရေးအခြေအနေများတွင် ၎င်းတို့အား အသုံးပြုရန် မသင့်တော်ခြင်းဖြစ်လာခဲ့သည်။

Bild သတင်းစာမှ အချက်အလက်များအရ ဈေးကွက်ရှိ APC သံချပ်ကာယာဉ်တစ်စီးချင်း ဈေးနှုန်းမှာ ယူရို ၁၈၅,ဝဝဝ မှ ၂၀၈,ဝဝဝ ကြားရှိမည်ဟု ခန့်မှန်းထားသော်လည်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများတွင်မူ APC သံချပ်ကာယာဉ်တစ်စီးစီအတွက် ယူရို ၆၀၀,၀၀၀ ဖြင့် ဝယ်ယူရကြောင်း ဖော်ပြထားသည်။ ယင်းသည် ဈေးကွက်ပေါက်ဈေးထက် မတန်တဆများနေသော ဈေးနှုန်းဖြစ်သည်။

ထို့ကြောင့် ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတန်းများအရ ယူကရိန်းသို့ ပေးပို့ရန် APC သံချပ်ကာယာဉ် ၆၆ စီးဝယ်ယူခဲ့သဖြင့် ၊ စုစုပေါင်း ယူရို သန်း ၄၀ ခန့် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံမှ အတိုက်အခံများပါတီများက ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဖြစ်ပျက်နေသည့် အဆိုပါကိစ္စအပြင် အခြားကိစ္စများကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော် ဗဟိုစာရင်းစစ်ဌာနမှ ဘဏ္ဍာရေးထိန်းချုပ်သူများပါဝင်ကူညီကြပါရန် တောင်းဆိုထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here