တရုတ်မှာ သင်္ဘောတစ်စင်း တံတားကို ဝင်တို-က်မိပြီး တံတားကျိုးကျခဲ့တာကြောင့် ကားတစ်ချို့ မြစ်ထဲပြု-တ်-ကျကာ လူနှစ်ဦးဆုံ‌ေ-သး သုံးဦးပျောက်ဆုံးနေ

0
208

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အနီး ပုလဲမြစ်ဝကျွန်းပေါ်ဒေသက မြစ်တစ်စင်းပေါ်ရှိ တံတားတစ်စင်းကို စက်ပါသောဝမ်းပုံရေယာဉ်တစ်စင်းက ဝင်တို-က်မိပြီး တံတားတစ်စိတ်တစ်ပိုင်း ကျိုးကျသွားတာကြောင့် တံတားပေါ်ရှိ ကားတစ်ချို့ မြစ်ထဲ ပြု-တ်-ကျခဲ့ရာမှာ လူနှစ်ဦး ‌ေ-သဆုံးပြီး သုံးဦး ပျောက်ဆုံးလျက်ရှိတယ်လို့ နိုင်ငံပိုင် CCTV သတင်းက ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖော်ပြပါတယ်။

တံတားပေါ်ကနေ ကားလေးစီးနဲ့ လျှပ်စစ်ဆိုင်ကယ်တစ်စီး ပြု-တ်-ကျသွားခဲ့တာဖြစ်ပြီး ကားတွေထဲမှာ ဘတ်စ်ကားတစ်စီးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဘတ်စ်ကားနဲ့ အခြားကားတစ်စီးကတော့ ရေထဲပြု-တ်-ကျခဲ့တာဖြစ်ပြီး အခြား ယာဉ်သုံးစီးကတော့ အောက်ကရေယာဉ်ပေါ် ပြု-တ်-ကျခဲ့တာလို့ CCTV က ဆိုပါတယ်။ ရေငုပ်သမား ၆ ဦးက ရှာဖွေကယ်ဆယ်မှုတွေလုပ်နေတယ်လို့ တရုတ်မီဒီယာတွေမှာ အစောပိုင်းမှာ ဖော်ပြပါတယ်။ ဘတ်စ်ကားပိုင်ရှင် ကွမ်ကျိုး ဘတ်စ်ကုမ္ပဏီကတော့ ဘတ်စ်ကားပေါ်မှာ ခရီးသည်တွေ ပါသွားခြင်း မရှိကြောင်း အတည်ပြု ပြောဆိုပြီး ယာဉ်မောင်းဟာလည်း အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း လူနှစ်ဦး ‌ေ-သဆုံးခဲ့ပြီး ရေယာဉ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့ကာ အခြားနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးကတော့ ပျောက်ဆုံးနေလျက်ရှိတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ရေငုပ်သမား ၆ ဦးနဲ့ ကယ်ဆယ်ရေး ရေယာဉ်တွေအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေကို အခင်းဖြစ်နေရာသို့ အာဏာပိုင်တွေက စေလွှတ်ခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြပါတယ်။

ကွမ်ကျိုး ရေကြောင်းသွားလာမှု လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပြောဆိုရာမှာ ဖိုရှန်မြို့ကနေ ကွမ်ကျိုး တောင်ပိုင်းခရိုင်တစ်ခုကို ထွက်ခွာလာတဲ့ ဝမ်းပြားရေယာဉ်ဟာ မနက် ၅ နာရီခွဲလောက်မှာ တံတားကို ဝင်တို-က်မိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ လူ‌ေ-သဆုံးထိခိုက်တဲ့ သတင်းတွေအပေါ် စိစစ်နေဆဲဖြစ်တယ်လို့ ကွမ်ကျိုးရေကြောင်းသွားလာမှု လုံခြုံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပြီး သင်္ဘောတွေ၊ မော်တော်ယာဉ်တွေ အခင်းဖြစ် လမ်းကြောင်းကနေ ရှောင်လွှဲမောင်းနှင်ကြဖို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။

ပုလဲမြစ်ဝအနီးမှာတည်ရှိတဲ့ တောင်ပိုင်းကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးဟာ တရုတ်နိုင်ငံရဲ့ အစည်ကားဆုံး ရေကြောင်းပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုအချက်အချာနေရာတွေထဲက တစ်ခုဖြစ်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here