YBPC၏ အစုရှယ်ယာရှင်များအနေဖြင့် လက်ဆောင်ချီးမြှင့်ငွေများ ထုတ်ယူရန်အသိပေးထား

0
134

အစုရှယ်ယာလွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ဖေဖော်ဝါရီ (၅)ရက်မှ ၆လ ခေတ္တရပ်နား

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC)၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးအထိမ်းအမှတ်အခမ်းအနား လက်ဆောင်ချီးမြှင့်ငွေများ ထုတ်ယူရန် အဆိုပါကုမ္ပဏီမှ အသိပေးထုတ်ပြန်ထားသည်။

လက်ဆောင်ချီးမြှင့်ငွေအဖြစ် ၂၀၂၃ ခုနှစ် ၊ဒီဇင်ဘာ (၂၉) ရက် YBPC ၏ မှတ်ပုံတင်စာရင်းရှိ အစုရှယ်ယာရှင်တစ်ဦးလျှင် ငွေသားကျပ် ၃၅၀၀၀ ပေးအပ်ခြင်းနှင့် (YBPC)၏ ၂၀၂၂ ခုနှစ် အောက်တိုဘာ (၃၁) ရက် မှတ်ပုံတင်စာရင်းရှိအစုရှယ်ယာရှင်များအားလုံးကို လက်ဆောင်ချီးမြှင့်ငွေအဖြစ်တစ်ဦးလျှင် ကျပ် (၃၀၀၀၀) ပေးအပ်ခဲ့ခြင်းအစီအစဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်သည့်ကာလအတွင်း ထုတ်ယူရန်ကျန်ရှိနေသူများကို ချွင်းချက်ဖြင့် ထုတ်ပေးမည့် အစီအစဉ်ကို ငွေလွှဲပေးခြင်းစနစ်ဖြင့် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစုရှယ်ယာရှင်များအားလုံးကို လက်ဆောင်ငွေပေးမည့်အစီအစဉ်မှာ ကုမ္ပဏီမှသတ်မှတ်သည့် စည်းကမ်းချက်အရ ငွေတောင်းခံလွှာနှင့် အဆိုပြုပုံစံများကို ဖြည့်စွက်၍ သတ်မှတ်ရက်အတွင်း ရုံးသို့ပြန်လည်ပေးပို့သော အထောက်အထားများ ပြည့်စုံမှန်ကန်သူ အစုရှယ်ယာရှင်များကို ရုံးသို့ လူကိုယ်တိုင်လာရောက်ထုတ်ယူရန် မလိုအပ်ဘဲ ဘဏ်မှဖြစ်စေ ငွေလွှဲလုပ်ငန်းမှဖြစ်စေ မတ်လ (၁)ရက်မှစတင်၍ငွေလွှဲပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငွေလွှဲပေးရန် သတ်မှတ်ချက်များနှင့်ပုံစံများကို ကုမ္ပဏီတွင် မှတ်ပုံတင်ထားသော အစုရှယ်ယာရှင်၏ နေရပ်လိပ်စာသို့ ပေးပို့ထားပြီးဖြစ်၍ အစုရှယ်ယာရှင်များသည် 7th AGM လက်ဆောင်ငွေအတွက် (ပုံစံ ၁ မှ ၄ အထိ) 6 th AGM လက်ဆောင်ငွေအတွက် (ပုံစံ ၅ မှ ၈ အထိ) တို့ကို ဖြည့်စွက်လက်မှတ်ထိုး၍ ၎င်းပုံစံနှင့် လိုအပ်သော ပူးတွဲအ ထောက်အထားများကို ဖေဖော်ဝါရီ (၂၀) ရက်မှ (၂၈) ရက်နောက်ဆုံးထား၍ ဖော်ပြပါ ရုံးလိပ်စာရှိ အစုရှယ်ယာဌာနသို့ စာပို့လုပ်ငန်းမှတဆင့် အရောက်ပေးပို့ရမည်ဖြစ်သည်။

7th AGM လက်ဆောင်ငွေနှင့် 6 th AGM လက်ဆောင်ငွေထုတ်ယူရန် ကျန်ရှိနေသည့် အစုရှယ်ယာရှင်များသည် သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းအတိုင်း ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်မှ နောက်ဆုံးရက် ဩဂုတ် (၃၁) ရက်အထိ ခြောက်လတာကာလအတွင်း မိမိတို့ရရှိမည့် လက်ဆောင်ငွေကို လက်လွတ်မခံပဲ ငွေတောင်းခံစာပေးပို့၍ လွှဲပေးသောငွေကို အပြီးထုတ်ယူကြပါရန် အသိပေးထားသည်။

ထို့ပြင် အစုရှယ်ယာလွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ဖေဖော်ဝါရီ (၅)ရက်မှ ဩဂုတ်လ (၈)ရက်အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here