ဖိလစ်ပိုင်မှာ ထရပ်ကားတစ်စီး လျှိုထဲထိုးကျပြီး လူ ၁၅ ဦး ‌ေ-သဆုံး

0
331

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်က ထရပ်ကားတစ်စီး လျှိုထဲထိုးကျခဲ့တာကြောင့် လူ ၂၁ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောဆိုပါတယ်။

အဆိုပါ ယာဉ်ဟာ နီဂရို့စ်ကျွန်းပေါ်က အသားငါးဈေးတစ်ခုကို သွားမယ့်လူတွေကို တင်ဆောင်လာခဲ့ခြင်းဖြစ်တယ်လို့ Mabinay မြူနီစီပယ်မှ ကယ်ဆယ်ရေးအရာရှိတစ်ဦးဖြစ်သူ မစ္စတာ မီချယ် ကာဘတ်နာဆွန်က AFP ကို ပြောဆိုခဲ့ပါတယ်။

ကားဟာ လမ်းရဲ့ ကျဉ်းမြောင်းတဲ့ အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲဖြစ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုကြောင်းနဲ့ Mabinay မြို့အနီးက တောင်ထူထပ်တဲ့ ယင်းဧရိယာဟာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ နေရာလို့လည်း သူက ပြောဆိုပါတယ်။

ယာဉ်ပေါ်မှာ လူ ၁၇ ဦး ပါဝင်ခဲ့ပြီး ခရီးသည်တစ်ဦးနဲ့ ယာဉ်မောင်းဖြစ်သူတို့သာ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းဖြစ်သူကို လမ်းအောက်ရှိ မီတာ ၅၀ လောက်က ချောက်အောက်ခြေမှာ မော်တော်ယာဉ်ဆီတွေ ပေကျံလျက်တွေ့ရှိခဲ့တယ်လို့ မစ္စတာ ကာဘတ်နာဆွန်က ပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ လူအ‌ေ-သပျောက်များတဲ့ လမ်းပေါ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယာဉ်မောင်းများ ယာဉ်စည်းကမ်းတွေကို လိုက်နာမှု အားနည်းခြင်း၊ မော်တော်ယာဉ်တွေကို ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနဲ့ ဝန်ပိုတင်ခြင်းတွေကြောင့် အဆိုပါဖြစ်ရပ်တွေ အဖြစ်များကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here