ထိုင်းနိုင်ငံ၏လမ်းပြမြေပုံ

0
157

ဝန်ကြီးချုပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လမ်းပြမြေပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်းတွင်အိမ်ထောင်စုကြွေးမြီမြင့်မားနေခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် စီးပွားရေးကို ခုန်တက်အောင်လုပ်ဆောင်မည်ဟုဆိုသည်။

ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးနှင့် လျှပ်စစ်ကားများ ထုတ်လုပ်မှုအတွက် ဒေသဆိုင်ရာ အချက်အချာတစ်ခုအဖြစ် လိုအပ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းသွားမည်ဟုသိရသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အချက်အချာဖြစ်လာရန် ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်များကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ အပါအဝင် နိုင်ငံများအတွက် တစ်ခုတည်းသော ဗီဇာကို စီစဉ်ထားကြောင်း ဆရတ်သာ က ယမန်နေ့တွင် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအား လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာကျသည့် နေရာတစ်ခုအဖြစ် ပေါ်ထွက်လာရန် ခြေလှမ်းများ လှမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် လာမည့်လတွင်
ဥရောပသို့သွားရောက်ပြီး ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် Volkswagen AG နှင့် Maserati SpA ကဲ့သို့သော ကုမ္ပဏီများကို ဖိတ်ခေါ်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင်၊ဆရတ်သာ၏အစိုးရသည် ဒေသန္တရဘက်ထရီဆဲလ်များ ထုတ်လုပ်မှုကို မြှင့်တင်ရန်၊ စွမ်းအင်သစ်သုံးဘတ်စ်ကားများ၊ထရပ်ကားများသုံးစွဲမှုကို မြှင့်တင်ရန် မက်လုံးအချို့ကို ထုတ်ပြန်ကြေညာခဲ့သည်။

Ref: thestar.com.my


LEAVE A REPLY

Please enter your comment!
Please enter your name here