ယူနန်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စများဆွေးနွေးနေ

0
404

ယူနန်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စများ အပါအဝင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာများအား မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yu Bo ကပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့အား လာရောက်တွေ့ဆုံစဉ် ၎င်းက ‌အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နှင့် ယူနန်ပြည်နယ် ကူးမင်းမြို့တို့ ညီအစ်မမြို့တော် ထူထောင်ထားရာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုကိစ္စရပ်များ၊ ယူနန် – ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စများ အပါအဝင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာများအား မြှင်တင်ဆောင်ရွက်ရေး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေးနှင့် အနာဂါတ်တွင် လုပ်ငန်းကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် မြှင့်တင်သွားနိုင်ရေး ၎င်းကပြောကြားခဲ့သည်။

လက်ရှိတွင်လည်း မြန်မာ-တရုတ် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းလျက်ရှိပြီး တရုတ်ခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ လာရောက်လည်ပတ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here