န.စ.က အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ဟားခါးမြို့ရှိ ဆရာတော်၊ သံဃာတော်များ ထံသွားရောက် လှူဒါန်း 

0
172

န.စ.က အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟားခါးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဖေဖော်ဝါရီ (၂၁) ရက်က ဟားခါးမြို့၊ မြို့ဦးကျောင်းတိုက်ရှိ အတုလဂုဏ်ရည် သာသနဗိမာန်သို့ သွားရောက်ကာ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ချင်းပြည်နယ်ထန်တလန်မြို့နှင့် ဟားခါးမြို့တို့မှ မြို့မိ မြို့ဖများအား ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံခဲ့ကာ အမှာစကားပြောကြားပြီး မြို့မိမြို့ဖများမှ ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here