စစ်ကိုင်း – မန္တလေးလမ်း နှာပေါက်တိုးလ်ဂိတ်အနီးတွင် ယာ ဉ် (၄)စီး ဆင့်တို-က်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ယာဉ်ခေါင်းခန်းအတွင်း ညပ်နေ၍ ကယ်ထုတ်ခဲ့ရ

0
207

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း – မန္တလေးလမ်း၊ ရတနာပုံတံတား (ဧရာဝတီတံတား)အဆင်း နှာပေါက်တိုးလ်ဂိတ်အနီးတွင် ယာဉ်(၄)စီး ဆင့်တို-က်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ယာဉ်ခေါင်းခန်းအတွင်း၌ ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၃)ရက်၊ နံနက် (၈)နာရီ(၄၅)မိနစ်အချိန်ခန့်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ အနီးတွင် MISUBISHI CANTER အမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ကာ လမ်းကြောတူရှေ့ရှိ SUZUKI CARRY အမျိုးအစား(အဖြူရောင်)ယာဉ်အား တို-က်မိခဲ့ပြီး ထိုယာဉ်မှတဆင့် Super Custom အမျိုးအစား(အညိုရောင်)ယာဉ်အား ဆက်လက်တို-က်မိခဲ့ခြင်း ဖြစ်သည်။

ထိုယာဉ်မှ တဆင့် NISSAN (၁၂)ဘီး (ခဲရောင်)ယာဉ်အား ဆက်လက်တိုက်မိခဲ့ပြီး MISUBISHI CANTER ယာဉ်မှ ယာဉ်နောက်လိုက် အမျိုးသား (၁)ဦး ယာဉ်ခေါင်းခန်းတွင် ညပ်နေကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်ကို အမရပူရမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဘုံးအိုးအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာ၌ Canter (၆)ဘီး ယာဉ်ခေါင်းခန်းအတွင်း ခြေထောက်ညပ်နေသော လူနာ အမျိုးသား တစ်ဦး(မစိုးရိမ်ရ)အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(အမရပူရမြို့နယ် မီးသတ်စခန်း)မှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူပေါင်းကာ နံနက် (၉)နာရီ (၅)မိနစ်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရ လူနာအမျိုးသားအား သံဝေဂဉာဏအသင်းမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here