အမြန်လမ်းတွင် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ် (၁)ရက်လျှင် ပျမ်းမျှအစီးရေ (၅၀) ခန့်ကို အရေးယူနေရ

0
162

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို (၁) ရက်လျှင် ပျမ်းမျှအစီးရေ (၅၀)ခန့်ကို အရေးယူနေရကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၌ အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည်တင် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက် ကီလိုမီတာ (၆၀) အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ 

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် တစ်ရက်လျှင် ကားအစီးရေ (၅၀၀၀)ခန့် နေ့စဉ် ဖြတ်သန်းသွားလာမှု ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း၌ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့သည့် အမှုပေါင်း (၁၃၀၁၉)မှုရှိခဲ့ကြောင်းလည်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ဖမ်းသည့်ကင်မရာများကို ကားများဖြင့်မြင်သာအောင်မထားတော့ကြောင်း၊ ကားနှင့်စက်ရှိပါကလည်း ရုတ်တရက် မြင်ကွင်းတွင်သာရှိသဖြင့် စက်ဖြင့်မှတ်သည့်ကားအတွေ့တွင် အရှိန်လျော့၍မမှီကြောင်း၊ ကားမတော်တဆမှူများလည်းများနေသဖြင့် မိုင်ကျော်မမောင်းတာကပိုကောင်းကြောင်း ကားသမားအချို့ထံမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here